ပေကျင်း၊ ဩဂုတ် ၂၂
တရုတ်နိုင်ငံ မြောက်ပိုင်းရှိ တီယန်ကျင်း မြူနီစီပယ်တွင် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက် နေ့တို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အက်စ်စီအို) ထိပ်သီးအစည်းအဝေး ၂၀၂၅ခုနှစ် သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာအခမ်းအနားများကို လက်ခံကျင်းပမည်ဖြစ်သည်။
ရှီသည် အက်စ်စီအို ၏ ၂၅ ကြိမ်မြောက် နိုင်ငံတော်အကြီးအကဲများ အစည်းအဝေးနှင့် “အက်စီအို အပေါင်း” အစည်းအဝေးတို့တွင် သဘာပတိအဖြစ် တာဝန်ယူမည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာခဲ့သည်။
ဤထိပ်သီးအစည်းအဝေးသည် အရေးအပါဆုံး အစည်းအဝေးများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး လျူဘင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အထက်ဖော်ပြပါ အစည်းအဝေးနှစ်ခုတွင် ၎င်း၏ အဓိက မိန့်ခွန်းတွင် ရှီသည် ရှန်ဟိုင်း စိတ်ဓါတ်ကို ဆက်လက်သယ်ဆောင်ရန်၊ ခေတ်က ပေးအပ်သောတာဝန်ကို ထမ်းရွက်ပြီး ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းရန် ဖြစ်ကြောင်း လျူ က ပြောကြားမည် ဖြစ်သည်။
ရှီသည် SCO ၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးမည့် တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုအသစ်များနှင့် လုပ်ဆောင်ချက်များကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာ စနစ်ကို အပြုသဘော ကာကွယ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို တိုးတက် ကောင်းမွန်စေရန်အတွက် အဖွဲ့အစည်းအတွက် နည်းလမ်းသစ်များနှင့် လမ်းကြောင်းများကို အဆိုပြုမည်ဖြစ်ကြောင်း လျူက ပြောကြားခဲ့သည်။
ရှီသည် အက်စ်စီအို အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ပူးတွဲ ကြေငြာချက် ထုတ်ပြန်မည်ဖြစ်ပြီး အက်စ်စီအို ၏ လာမည့် ဆယ်နှစ်အတွက် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို အတည်ပြုမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်များနှင့် ကုလသမဂ္ဂတည်ထောင်မှု နှစ် ၈၀ ပြည့်အထိမ်းအမှတ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရလဒ်စာတမ်းများ၊ ပြည်သူများအကြား နှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုတို့အား ခိုင်မာစွာမြှင့်တင်ရန် သဘောတူညီချက်များ ကိုချမှတ်အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
Ref: ရှင်းဟွာ
