Sunday, May 10, 2026

ရွှေဟင်္သာသရက် အရည်အသွေးမြင့်လာ

ယခုနှစ် သရက်ရာသီတွင် ရွှေဟင်္သာသရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး အထွတ်ပုံပျက်သီးများလည်း လျော့နည်းလာကြောင်း သရက်စိုက်တောင်သူများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ သို့သော် မိုးရွာပြီးချိန်များတွင် သရက်သီးများကို ဆက်လက်ခူးဆွတ်နေမှုများရှိနေသဖြင့်...

မိုးတိမ်တောင်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်

မိုးတိမ်တောင်များဖြစ်ထွန်းနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မေလ ၉ ရက် ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊...

မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ဝန်ထမ်းများပူး ပေါင်း၍ မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် နေ့ညမပျက်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း...

မြန်မာဖို-က်တာ ဂျော့ရှုဝါဗန် ဂျပန်ဖို-က်တာကို အလဲထိုးပြီး...

မြန်မာဖို-က်တာဖြစ်သူ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန်က ဂျပန်ဖို-က်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချီ၌ အလဲထိုးနိုင်ခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။ “မြန်မာပရိတ်သတ်တွေကို...
HomeMoviesတိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ...

တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ပိုမိုခန့်ထားနိုင်ရေး ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိတိုင်းရင်းသားဒေသများရှိ ကျောင်းသူ၊ ကျောင်းသားများ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ တိုးမြှင့်ခန့်ထားနိုင်ရေးကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားလိုက်သည်။

ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအသင်းအဖွဲ့များနှင့် တွေ့ဆုံမှု

ယမန်နေ့က တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂုဏ်ပြုချီးမြှင့်မှု

အဆိုပါတွေ့ဆုံပွဲတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို ဝန်ကြီးဌာနမှ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ရည်ရွယ်ချက်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် စာပေသင်ကြားရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် ဆရာ/ဆရာမ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်သည်။

လက်ရှိခန့်ထားမှု အခြေအနေ

မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ထောက်ကူ (Teaching Assistant – TA) နှင့် ဘာသာစကားသင် ဆရာ/ဆရာမ (Language Teacher – LT) များကို နှစ်စဉ်ခန့်ထားပေးလျက်ရှိသည်။ စာရင်းအချက်အလက်များအရ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA) ပေါင်း ၅,၂၀၀ နီးပါးကို ခန့်အပ်ထားပြီးဖြစ်ကာ ရှေ့ဆက်၍လည်း လိုအပ်ချက်ရှိသည့် ဒေသများတွင် ထပ်မံတိုးမြှင့်ခန့်ထားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားဘာသာသင် (TA/LT) ဆိုင်ရာ အမျိုးအစား၊အဓိပ္ပာယ်ဖွင့်ဆိုချက်
နှင့်တာဝန်

TA (Teaching Assistant)

တိုင်းရင်းသားဘာသာသင်ထောက်ကူ
KG တန်းနှင့် မူလတန်းကလေးငယ်များအတွက် ဘာသာစကားအခက်အခဲမရှိစေရန် သင်ကြားမှုတွင် ကူညီပေးခြင်း။

LT (Language Teacher)
ဘာသာစကားသင် ဆရာ/ဆရာမ
သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား သီးသန့်သင်ကြားချိန်များတွင် စာပေသင်ကြားပေးခြင်း။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဟင်္သာသရက် အရည်အသွေးမြင့်လာ

ယခုနှစ် သရက်ရာသီတွင် ရွှေဟင်္သာသရက်သီးများ၏ အရည်အသွေး ပိုမိုကောင်းမွန်လာပြီး အထွတ်ပုံပျက်သီးများလည်း လျော့နည်းလာကြောင်း သရက်စိုက်တောင်သူများနှင့် သစ်သီးရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ သို့သော် မိုးရွာပြီးချိန်များတွင် သရက်သီးများကို ဆက်လက်ခူးဆွတ်နေမှုများရှိနေသဖြင့် ဈေးကွက်သို့ လတ်ဆတ်သန့်ရှင်းစွာ ရောက်ရှိရေးနှင့် ဈေးကောင်းရရှိရေးအတွက် ရာသီဥတုအလိုက် စနစ်တကျခူးဆွတ်ကြရန် လိုအပ်ကြောင်း ၎င်းတို့က တိုက်တွန်းထားသည်။ “မိုးစိုနေချိန်ခူးရင် သီးအရည်အသွေးကျနိုင်သလို ပုပ်သိုးတာ၊ အစက်အပြောက်ဖြစ်တာတွေလည်း များလာတတ်တယ်။ ဈေးကွက်ရောက်တဲ့အခါ လတ်ဆတ်မှုလည်း လျော့သွားနိုင်တယ်”ဟု သရက်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အထူးသဖြင့် ပြည်ပတင်ပို့မည့် သရက်သီးများအတွက် ခြောက်သွေ့သည့်ရာသီဥတုတွင် ခူးဆွတ်ခြင်း၊ ထုတ်ပိုးမှုမပြုမီ ခဏတာအအေးခံ၍ ကျင်းထားခြင်းတို့ကို...

မိုးတိမ်တောင်ကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်

မိုးတိမ်တောင်များဖြစ်ထွန်းနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ဒေသအချို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မေလ ၉ ရက် ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း...

မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ပွင့်ဖြူမြို့နယ်စည်ပင်က နေ့ညမပျ-က်စစ်ဆေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာစျေးတာဝန်ခံများ၊ ဝန်ထမ်းများပူး ပေါင်း၍ မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် နေ့ညမပျက်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။   ဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီးများနှင့် ဈေးဆိုင်ခန်းများတွင်  တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများမီးဘေးအန္တရာယ်မဖြစ်စေရေး၊ သဘာဝဘေးဒ-ဏ်ကြောင့် မီးမလင်းသည့်လျှပ်စစ်မီးသီးများအသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဈေးသူ/ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်ထားရှိရေးနှင့် မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများမပြုလုပ်ရန် အသိပညာပေးခြင်းတို့ကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဈေးမီးဘေးလုံခြုံရေးအတွက်ဆောင်ရွက်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းများအသင့်အနေထား အသုံးပြုနိုင်ရန်ပြင်ဆင်ခြင်း၊ မီးလေ-ာင်စေနိုင်သောလေ-ာင်စာများနှင့် အမှိုက်သရို-က်များမရှိစေရေးသန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို နေ့ညမပျက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071