Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeNewsLocal Newsတိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ် ဓာတ်ကိုအခြေခံကာငြိမ်းချမ်းသည့်...

တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ် ဓာတ်ကိုအခြေခံကာငြိမ်းချမ်းသည့် ပြည်ထောင် စုအား တည်ဆောက်နိုင်ရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြော

တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ် ဓာတ်ကိုအခြေခံကာငြိမ်းချမ်းသည့် ပြည်ထောင် စုအား တည်ဆောက်နိုင်ရန် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကပြော

နစက ဥက္ကဋ္ဌမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ဒု-ဥက္ကဋ္ဌဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ဇွန် ၁၃ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံ ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာ၌ ပြည်ထောင်စုအကျိုး၊ဒေသအကျိုးအား ဆောင်ရွက်လိုသည့်စိတ်ဆန္ဒဖြင့် လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ပထမဆုံးထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်၌ခေတ်အဆက်ဆက်ပြောင်းလဲကျင့်သုံးခဲ့သည့် အုပ်ချုပ်မှုပုံစံများ အားသာချက်၊အားနည်းချက်များနှင့်ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်တို့အား နစက ဥက္ကဋ္ဌကပြောသည်။

“အခုငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းပြည်ရဲ့ပကတိအနေအထားနဲ့ကိုက်ညီတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေ အမှန်တကယ်ဖြစ်နိုင်ဖွယ်ရှိတာတွေကို အသေးစိတ်အကြေအလည်ဆွေးနွေးအဖြေရှာသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊လက်မှတ်ရေးထိုးရသေးခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်နှင့်ဒေသအကျိုးအားမြင်အောင်ကြည့်စေလိုကာ လာရောက်ဆွေးနွေးလိုသည့် စိတ်ဆန္ဒရှိပါက ယခင်ဖိတ်ခေါ်ကမ်းလှမ်းချက်များအတိုင်း ထပ်မံဖိတ်ခေါ်သည်ဟုပြောသည်။

“ပြည်သူလူထုဆန္ဒနဲ့ကိုက်ညီတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးဆောင်ရွက်ဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းရာမှာ နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေရှိပေမယ့်လည်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ဘဲ ဖြေရှင်းဆောင်ရွက်လိုတယ် တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းတဲ့ပြည်ထောင်စုကိုတည်ဆောက်နိုင်ဖို့အတွက် အားလုံးပါဝင်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ALP ဒု-ဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များမှ နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့မှုအား ALP မှထောက်ခံကြိုဆိုကာ ရခိုင် ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးတို့အား ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်အား အခြေခံသည့် ပြည် ထောင်စုစနစ်တည်ဆောက်ရေးတို့နှင့် ပတ်သက်၍ သဘောထားတူညီချက်များအားဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုတင်ပြခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား နစက ဥက္ကဋ္ဌနှင့် ALP ဒု-ဥက္ကဋ္ဌတို့မှ နှစ်ဖက်အမြင်များအားအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့လနစက ဥက္ကဋ္ဌနှင့်အတူ နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒု-ဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ခိုင်စိုးမြနှင့်ခိုင်ပေါ်လင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ALP ဒု-ဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစက မှဖွဲ့စည်းပေးထားသော ကောင်စီဝင် များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့်ငြိမ်း ချမ်းရေးဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့ လူမှုအကျိုးပြု CSR အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ (၂၄)ရက်နေ့က ရန်ကုန်မြို့ရှိ၊ Pan Pacific Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်များကို ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နဲ့ ပူပေါင်းပြီး သင်တန်းပို့ချသူ Trainer မဝေဖူးရဲ့ ပံ့ပိုးမှုနဲ့ အမြင်အာရုံမသန်စွမ်းသူများအတွက် လက်တွေ့သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်သင်တန်းကို သင်တန်းသား(၃၀)ဦး...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပေါက်ကြားမှုဖြစ်ပွား၊ ပင်မဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာများ ထိခိုက်မှုမရှိကြောင်း ဘဏ်ဘက်မှ ရှင်းလင်း

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ AYA Bank က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သုံးစွဲသူ ပြည်သူများထံသို့ တရားဝင် အသိပေးချက်တစ်ရပ် ထုတ်ပြန်ကာ ရှင်းလင်းပြောကြားထားသည်။ ဘဏ်၏ ထုတ်ပြန်ချက်အရ ပေါက်ကြားသွားသော အချက်အလက်များသည် ငွေကြေးဆိုင်ရာ မဟုတ်သည့် appပေါ်ရှိ အချက်အလက်အချို့သာ ဖြစ်ပြီး၊ လက်ရှိ အများပြည်သူ သုံးစွဲနေသည့် ပင်မဘဏ်စနစ်များနှင့်...

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071