Tuesday, May 5, 2026

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp...

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင်...

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...
HomeNewsLocal Newsတိုင်းနှင့် ပြည်နယ်အနှံ့တွင် ဖေဖော်ဝါရီ...

တိုင်းနှင့် ပြည်နယ်အနှံ့တွင် ဖေဖော်ဝါရီ (၂၇)ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုး/ဇလ သတိပေးထား

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းနှင့် ပြည် နယ်အနှံ့တို့တွင် လာမည့်ဖေဖော်ဝါရီ (၂၇)ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သေးကြောင်း မိုးလေဝသနှင့် ဇ လဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဖေဖော်ဝါရီ (၂၄) ရက်၊ ည(၆)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မြန်မာစံတော်ချိန် ညနေ (၅)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုအနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့်လည်းကောင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်အသိပေးထားသည်။

ထို့ကြောင့် ဖေဖော်ဝါရီ (၂၇)ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန်လည်း မိုး/ဇလက အကြံပြုထားသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ မြို့တွင်း မြို့နယ်များနှင့် ဆင်ခြေဖုံး မြို့နယ်များအပါအဝင် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ နေရာအနှံ့အပြားနီးပါးတွင် ယနေ့ ဖေ ဖော်ဝါရီ (၂၄)ရက်၊ နေ့လယ် (၁) နာရီ ဝန်းကျင်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး ၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြ င်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နေပြည်သူများထံမှ စုံစမ်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း CCDAC MYANMAR(မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုကော်မတီ) ၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မျိုးညီညီဟိန်း နှင့် မနှင်းသဇင်ဦး တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား...

ထိုင်းနိုင်ငံသွားရောက်လေ့ကျင့်ရမည့် AIA-Spurs Football Camp အတွက် မြန်မာလူငယ် (၆) ဦး ရွေးချယ်ခံရ

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် AYA Bank တို့ ပူးပေါင်းစီစဉ်သည့် နွေရာ သီဘောလုံးသင်တန်းမှ ထူးချွန်လူငယ် (၆) ဦးသည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် AIA-Spurs Football Camp သို့ သွားရေ ာက်လေ့ကျင့်ရန် ရွေးချယ်ခံလိုက်ရပြီ ဖြစ်ကြောင်း အဖွဲ့ချုပ်က ယနေ့တွင် ထုတ်ပြန်အသိပေးသည်။ ​AIA Myanmar မှ စီစဉ်သည့် Score With Spurs (AIA Coaching Clinic 2026) အစီအစဉ်မှတစ်ဆင့် ရွေးချယ်ခြင်းဖြစ် ကာ​ရွေးချယ်ခံရသူများသည်Tottenham Hotspur...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071