အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ တိုင်းနှင့်ပြည်နယ်(၅)ခု၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ သြဂုတ် ၇ ရက်က အမိန့်အမှတ် ၂၄/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီးအဖြစ် ဒေါက်တာလျန်ဇခုပ်၊ သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးကောလ်လျန်ထန်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိုင်းလှိုင်ငြိမ်းတို့အား ခန့်အပ်တာဝန်ပေးခဲ့သည်။
ထို့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးရာဝန်ကြီးအဖြစ် ဦးတင်ဇော်ထွန်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးမြင့်စိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးအောင်စန်းချစ်၊ စီးပွားရေးရာဝန်ကြီးအဖြစ် ဦးမောင်မောင်ဦးတို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။
