သဘာဝကမ်းရိုးတန်းများအတွက် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံနိုင်ရည်ရှိသော စီမံကိန်းများကို နိုင်ငံများတွင်လုပ်ဆောင်လာနေကြရာ တရုတ်နိုင်ငံ၏အကြီးဆုံးမြို့တမြို့Xichong အဝတွင်၊ ကမ်းရိုးတန်းဘေးမဲ့တောအသစ်ကိုစောင့်ရှောက်လျှက်ရှိသည်။
သဘာဝပင်လယ်ကမ်းစပ်ကိုစောင့်ရှောက်ခြင်းဖြင့် ဒေသတွင်းဂေဟစနစ်များနှင့် လူမှုအသိုင်းအဝိုင်းများကို အကာအကွယ်ပေးကာ ၊ဂေဟဗေဒခရီးသွားလုပ်ငန်းကိုပါ ပံ့ပိုးပေးနိုင်သည်။ ကမ်းရိုးတန်း ဘေးမဲ့တောသည် ဒေသဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ပေးထားသည်။
၂၀၁၈ ခုနှစ်နှောင်းပိုင်းက တိုင်ဖွန်း Manghut သည် တရုတ်နိုင်ငံတောင်ပိုင်းကို ဖျက်စီးခဲ့ပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ပျက်စီးစေခဲ့သည်။ ထိုအချိန်မှစ၍ ပြန်လည်တည်ဆောက်ရေး ပရောဂျက်အချို့ကိုဆောင်ရွက်ရာတွင် တိုင်ဖွန်းဇုန်အတွင်း တည်ရှိနေသော်လည်း လူကြိုက်များသော ကမ်းခြေနေရာများကို ဖွံ့ဖြိုးတိုးတက်မှုများလုပ်ဆောင်ခဲ့သည်။
ထို မဟာစီမံကိန်းသည် မုန်တိုင်းဒဏ်ခံနိုင်ရည်ရှိရေး၊ ဂေဟစနစ်ပြန်လည်ထူထောင်ရေးနှင့် ဒေသခံကျေးရွာများကို ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးဆောင်ရွက်သည်။တံငါရွာများကိုလည်း ပြန်လည်တည်ဆောက်ပေးကြသည်။
စီမံကိန်းတွင် တိုက်စားနေသော မြစ်စင်္ကြံများ၊ စိုစွတ်သောမြေများနှင့် ကမ်းရိုးတန်းရှိ ဒီရေတောများကို ပြုပြင်ခြင်းဖြင့် သဘာဝရေစီးကြောင်းများကို ပြန်လည်ပြုပြင်ပေးခြင်း၊ လျှောက်လမ်းများကယပ်လှေစီးသည့် လမ်းကြောင်းများ၊ ငှက်ကြည့်ရန် နှင့် ရေပေါ်ဈေးများ ပါဝင်သည်။
ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် နေအိမ်များအား သဘာဝ မြစ်ကြောင်း စံနစ်ကို တုံ့ပြန်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊အော်ဂဲနစ်စိုက်ပျိုးရေး၊ စျေးကွက်သစ်များနှင့် လက်ဖက်ရည်ဆိုင်များကို ခွင့်ပြုထားသည့် လယ်ယာမြေ အဆင့်မြှင့်တင်မှုများသည် ရှုခင်းအသစ်များ၊ စက်ဘီးလမ်းများ၊ တောင်တက်လမ်းလေးများနှင့် ကမ်းပါးတလျောက်လျှောက်လမ်းများဖန်တီးပေးထားသည်။
Ref: urbannext.net
