ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူသုံးဦးထက်မနည်းေ-သဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်္ဂါနေ့တွင် အာဏာပိုင်များက ပြောကြားခဲ့ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။
မုန်တိုင်းကြောင့် လူနေအိမ် ၇,၀၀၀ နီးပါး ပျ-က်စီးခဲ့ပြီး စပါးစိုက်ခင်း ၂၈,၈၀၀ ဟက်တာ ရေမြုပ်ခဲ့ကာ သစ်ပင် ၁၈,၀၀၀ ခန့်ပြိုလဲခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဓာတ်တိုင် ၃၃၁ တိုင်ပြိုလဲခဲ့၍ ပြည်နယ်လေးခုခန့်တွင် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။
မြို့တော်ဟနွိုင်းတွင် အင်္ဂါနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အကြီးအကျယ်ရေလွှမ်းမိုးမှုဖြစ်ခဲ့သည့်ပုံရိပ်များကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ကာဂျီကီသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဗဟိုကမ်းရိုးတန်းကို တနင်္လာနေ့မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားပျော့သွားကာ အင်္ဂါနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံဘက်သို့ ရွေ့လျားသွားသည်ဟု နိုင်ငံတော်မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ဗီယက်နမ်မြောက်ပိုင်း ဒေသအများအပြားတွင် မိုးဆက်လက်ရွာသွန်းနေမည်ဖြစ်ပြီး အချို့နေရာများတွင် ခြောက်နာရီအတွင်း မိုးရေချိန် ၆ လက်မအထိ ရွာသွန်းနိုင်ကာ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။
Ref: ယဟျူးနူးစ်
