တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ဂျပန်နှင့်တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများကို သိပ္ပံပညာနှင့် နည်းပညာ သုတေသနကိုပူးတွဲဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီကျန်းက သိပ္ပံနှင့် နည်းပညာတော်လှန်ရေး၊ စက်မှုအသွင်ပြောင်းမှုကြောင့်ဖြစ်ပေါ်လာသော ညဏ်ရည်တု၊ စက်ရုပ်နှင့် ဇီဝဆေးပညာတို့တွင် ရှိနေသော အခွင့်အလမ်းများကို ညွှန်ပြခဲ့သည်။
မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော အာဆီယံနှင့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် လီ၏ ပြောကြားခဲ့မှုကို တနင်္လာနေ့ညပိုင်းတွင် ရှင်းဟွာသတင်းဌာနက သတင်းရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ လျှပ်စစ်ကားများနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း လီက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် တိုင်ပင် ဆွေးနွေးမှုများမှတဆင့် ကွဲလွဲမှုများကို စနစ်တကျ ဖြေရှင်းရေး ကို စွဲစွဲမြဲမြဲ လုပ်ဆောင်ကြရန်၊ ပြင်ပကြားဝင်စွက်ဖက်မှုများကို ဆန့်ကျင်ရန်နှင့် လုပ်ကြံဖန်တီးထားသော တင်းမာမှုများနှင့် ပဋိပက္ခများကို ရှေုာင်ရှားရန် အစည်းအဝေးမိန့်ခွန်းတွင် လီက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
