Thursday, August 6, 2026

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

မိုးကုတ်မြို့တွင် ရေဝင်ရောက်နေသည့် နေရာ(၈)ခု၌နေ ထိုင်သူများကို...

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နေရာ(၈)ခုရှိ နေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့၊ မင်းတံ တားရပ်ကွက်၊ နယ်မြေ(၁)၊ နယ်မြေ(၂)၊ နယ်မြေ(၇)၊...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က...
HomeNewsLocal Newsတိုက်ပွဲများကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူ၃သိန်းကျော်အထိရှိလာ

တိုက်ပွဲများကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူ၃သိန်းကျော်အထိရှိလာ

(Unicode)

တိုက်ပွဲများကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူ၃သိန်းကျော်အထိရှိလာ

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အကြား တိုက်ပွဲတွေပြင်းထန်လာနေတာနဲ့အမျှ အဆိုပါတိုက်ပွဲတွေကြောင့် ပြည်သူ့အိုးအိမ်တွေပျက်စီးခဲ့ရပြီး နိုင်ငံတွင်းနဲ့ နိုင်ငံပြင်ပသို့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ တိုးပွားလာလျက်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ ကိန်းဂဏန်းတွေအရ ကယားမှာ ၈၇,၈၀၀၊ ကရင်မှာ ၇၄,၂၀၀၊ မွန်မှာ ၇,၂၀၀နဲ့ တနင်္သာရီမှာ ၁,၃၀၀ အပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လူဦးရေ ၁၉၂,၃၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့OCHAရုံးကဆိုပြီး ထိုင်းအစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ လူဦးရေ ၄,၇၀၀ ကျော်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကိန်းဂဏန်းများအရ စစ်ကိုင်းမှာ ၁၀၃,၂၀၀၊ မကွေးမှာ ၂၀,၁၀၀နဲ့ ချင်းမှာ ၃၃,၈၀၀ အပါအဝင် လူဦးရေ ၁၅၇,၅၀၀ ခန့် တိုက်ပွဲရှောင်ထွက်ပြေးလာခဲ့ရပြီး သတင်းတွေအရ ခရစ်ယာန်ဘုရားကျောင်းများ၊ စာသင်ကျောင်းများအပါအဝင် အိမ်အလုံးပေါင်း ၁,၅၅၀ ကျော်ဟာ မီးလောင်ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိရတယ်လို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) က ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ ထုတ်ပြန်ထားတာရှိပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးအခြေအနေ၊ စစ်ဆေးရေးဂိတ်၊ သွားလာခွင့်ပြုမိန့်ရရှိမှုမရခြင်းတို့ကြောင့် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ အဆိုပါနေရာတွေဆီက အကူအညီလိုအပ်နေသူများထံသို့ သွားရောက်ဖို့ ခဲယဉ်းနေပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာလက ကယားပြည်နယ်မှာ တိုက်ပွဲပြင်းထန်မှုကြောင့် တချို့မိတ်ဖက်တွေဟာ လုပ်ငန်းရပ်နားထားရတယ်လို့ပါ (OCHA)ရုံးက ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်က နေရပ်စွန့်ခွာလာသူ ၁၀၀ ခန့်ကို နှစ်လစာ အစားအစာတွေ ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ယခုရက်ထဲ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ နေရပ်စွန့်ခွာသူတွေကို မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့က ကူညီပေးနေတာလည်း ရှိပါတယ်။

(Zawgyi)

တိုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ေနၾကရသည့္ ျပည္သူ၃သိန္းေက်ာ္အထိရွိလာ

ျမန္မာႏိုင္ငံ အေနာက္ေျမာက္ပိုင္းနဲ႔ အေရွ႕ေတာင္ပိုင္းေတြမွာ တပ္မေတာ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ အၾကား တိုက္ပြဲေတြျပင္းထန္လာေနတာနဲ႔အမွ် အဆိုပါတိုက္ပြဲေတြေၾကာင့္ ျပည္သူ႔အိုးအိမ္ေတြပ်က္စီးခဲ့ရၿပီး ႏိုင္ငံတြင္းနဲ႔ ႏိုင္ငံျပင္ပသို႔ ေနရပ္စြန႔္ခြာ ထြက္ေျပးရမႈမ်ား တိုးပြားလာလ်က္ရွိေနတယ္လို႔ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA) က ဒီကေန႔ ဇန္နဝါရီ ၁၂ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၃ ရက္ေန႔ ကိန္းဂဏန္းေတြအရ ကယားမွာ ၈၇,၈၀၀၊ ကရင္မွာ ၇၄,၂၀၀၊ မြန္မွာ ၇,၂၀၀နဲ႔ တနသၤာရီမွာ ၁,၃၀၀ အပါအဝင္ ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္းမွာ လူဦးေရ ၁၉၂,၃၀၀ ခန႔္ အိုးအိမ္စြန႔္ခြာထြက္ေျပးခဲ့ရတယ္လို႔OCHA႐ုံးကဆိုၿပီး ထိုင္းအစိုးရကထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ လူဦးေရ ၄,၇၀၀ ေက်ာ္ဟာ ထိုင္းႏိုင္ငံအတြင္းက ယာယီစခန္းေတြမွာ ေနထိုင္ေနရတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေနာက္ပိုင္းကစၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္ေန႔ကိန္းဂဏန္းမ်ားအရ စစ္ကိုင္းမွာ ၁၀၃,၂၀၀၊ မေကြးမွာ ၂၀,၁၀၀နဲ႔ ခ်င္းမွာ ၃၃,၈၀၀ အပါအဝင္ လူဦးေရ ၁၅၇,၅၀၀ ခန႔္ တိုက္ပြဲေရွာင္ထြက္ေျပးလာခဲ့ရၿပီး သတင္းေတြအရ ခရစ္ယာန္ဘုရားေက်ာင္းမ်ား၊ စာသင္ေက်ာင္းမ်ားအပါအဝင္ အိမ္အလုံးေပါင္း ၁,၅၅၀ ေက်ာ္ဟာ မီးေလာင္ပ်က္စီးဆုံးရႈံးသြားေၾကာင္း သိရွိရတယ္လို႔လည္း ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္း‌ေရး႐ုံး (OCHA) က ဒီကေန႔ ဇန္နဝါရီ ၁၂ရက္မွာ ထုတ္ျပန္ထားတာရွိပါတယ္။

လက္ရွိမွာေတာ့ လုံၿခဳံေရးအေျခအေန၊ စစ္ေဆးေရးဂိတ္၊ သြားလာခြင့္ျပဳမိန႔္ရရွိမႈမရျခင္းတို႔ေၾကာင့္ လူသားခ်င္းစာနာမႈလုပ္ငန္းေဆာင္႐ြက္သူေတြအေနနဲ႔ အဆိုပါေနရာေတြဆီက အကူအညီလိုအပ္ေနသူမ်ားထံသို႔ သြားေရာက္ဖို႔ ခဲယဥ္းေနၿပီး ျမန္မာႏိုင္ငံအေရွ႕ေတာင္ပိုင္းမွာ ဒီဇင္ဘာလက ကယားျပည္နယ္မွာ တိုက္ပြဲျပင္းထန္မႈေၾကာင့္ တခ်ိဳ႕မိတ္ဖက္ေတြဟာ လုပ္ငန္းရပ္နားထားရတယ္လို႔ပါ (OCHA)႐ုံးက ဆိုပါတယ္။

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ဟာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလကုန္မွာ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္က ေနရပ္စြန႔္ခြာလာသူ ၁၀၀ ခန႔္ကို ႏွစ္လစာ အစားအစာေတြ ေပးႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ယခုရက္ထဲ ကယားျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ ေနရပ္စြန႔္ခြာသူေတြကို ျမန္မာႏိုင္ငံၾကက္ေျခနီအဖြဲ႕က ကူညီေပးေနတာလည္း ရွိပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071