Tuesday, May 19, 2026

လိုင်စင်မရှိဘဲ Digital Bank အပါအဝင်...

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့်...

မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင်...

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း...

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း...

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁...

တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့နိုင်ရေး GACC...

မြန်မာ့ဒူးရင်းသီးမှာ ပြည်တွင်းစားသုံးမှုအပေါ် အဓိကမှီခိုနေရသော်လည်း ယခုနှစ်အတွင်း ပြည်ပဈေးကွက်သို့ အများအပြား တင်ပို့နိုင်ရန် ကြိုးပမ်းနေ ကမ္ဘာ့ဒူးရင်းသီး ဝယ်လိုအားအမြင့်ဆုံးရှိသည့် တရုတ်နိုင်ငံသို့ မြန်မာ့ဒူးရင်းသီးများ တင်ပို့နိုင်ရေးအတွက် တရုတ်အကောက်ခွန်အထွေထွေ...
HomeInternationalတရုတ်-ဥရောပ ပူးတွဲဂြိုဟ်တုမစ်ရှင် အောင်မြင်

တရုတ်-ဥရောပ ပူးတွဲဂြိုဟ်တုမစ်ရှင် အောင်မြင်

ကူရူး (ပြင်သစ်ဂီယာနာ)၊ မေလ ၁၉ ရက်

တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် ဥရောပအာကာသအေဂျင်စီ (ESA) တို့ ပူးတွဲလုပ်ဆောင်သည့် “SMILE” (Solar wind Magnetosphere Ionosphere Link Explorer) အာကာသစူးစမ်းလေ့လာရေးမစ်ရှင်ကို အင်္ဂါနေ့တွင် ပြင်သစ်ဂီယာနာရှိ ဥရောပအာကာသစခန်းမှနေ၍ Vega-C ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ဒုံးပျံလွှတ်တင်ပြီးနောက် ဂြိုဟ်တုသည် သတ်မှတ်ထားသော ပတ်လမ်းအတွင်းသို့ စနစ်တကျဝင်ရောက်သွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကာ ၎င်း၏ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများလည်း အောင်မြင်စွာ ပွင့်သွားပြီဖြစ်သကဲ့သို့ စနစ်များအားလုံး ပုံမှန်လည်ပတ်နေပြီဖြစ်သည်။ ယင်းသည် တရုတ်-ဥရောပ အာကာသသိပ္ပံပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းဝင်မှတ်တိုင်တစ်ခုအတွက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

SMILE မစ်ရှင်သည် အာကာသသိပ္ပံစူးစမ်းလေ့လာရေးကဏ္ဍတွင် ဥရောပအာကာသအေဂျင်စီ (ESA) နှင့်အတူ မစ်ရှင်အဆင့်အနေဖြင့် ပူးတွဲအကောင်အထည်ဖော်သည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော စီမံကိန်းဖြစ်သည်။

အဆိုပါဂြိုဟ်တုသည် ကမ္ဘာ့သံလိုက်စက်ဝန်း၏ အကြီးစားတည်ဆောက်ပုံပုံစံကို ပထမဆုံးအကြိမ်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြင်တွေ့နိုင်ရန်အတွက် soft X-ray ရုပ်ပုံဖော်နည်းပညာကို အသုံးပြုသွားမည်ဖြစ်သည်။

ယခုမစ်ရှင်မှတစ်ဆင့် အာကာသမိုးလေဝသခန့်မှန်းတွက်ချက်ခြင်းနှင့် သံလိုက်စက်ဝန်း ရူပဗေဒကို အခြေခံကျကျ နားလည်သဘောပေါက်ခြင်း အပါအဝင် သိပ္ပံနည်းပညာဆိုင်ရာ အောင်မြင်မှုအသစ်များစွာကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။ ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အ စည်းများဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းတည်ထောင်သည့် ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးပြီးနောက် ယင်း အဖွဲ့အစည်းများအား စည်းမျဉ်းစည်းကမ်းချမှတ်၍ ကြပ်မတ်ကွပ်ကွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအမည်စာရင်းကို ဗဟိုဘဏ်၏ Website www.cbm.gov.mm တွင် ထုတ်ပြန်ကြေညာထားသည်။ ထို့အတူ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၈ တွင်...

မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားခွင့် MFF ပြန်ခွင့်ပြု

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ  (၆) လကြာ ကွင်းပိတ်ပြစ်ဒ-ဏ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁)ရက်တွင် ရုတ်သိမ်းပေးမည်ဟု ဆိုသည်။ မောင်မောင်လွင်သည် အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတ ကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ...

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း ၂၅၀ ကျော် တောင်း

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁ ဒဿမ ၇၆ သန်း) ကျော် လျော်ကြေးပေးရန် နော်ဝေသို့ အကြောင်းကြားစာနို့တစ် ပေးပို့ခဲ့ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အော်စလို၏ ပို့ကုန်ထိန်းချုပ်မှုစည်းမျဉ်း စည်းကမ်းများတွင် အပြောင်းအလဲတစ်ခုကြောင့် မလေးရှားသို့ သီးခြားကာကွယ်ရေးနည်းပညာတင်ပို့မှု လိုင်စင်အချို့ကို ရုပ်သိမ်းခဲ့ကြောင်း နော်ဝေက ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် မလေးရှားကို အံ့အားသင့်စေခဲ့ပြီး သံတမန်ရေးအငြင်းပွားမှုကို ဖြစ်စေခဲ့ကာ အဆိုပါလုပ်ရပ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071