Saturday, May 16, 2026

ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ...

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံကို ပြည်လည်လည်ပတ်နိုင်ရန် ပြုပြင်မှုများပြုလုပ်လျက်ရှိရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မေ ၁၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ် ဆေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်...

ကော့ကရိတ်မြို့ရှိ မီးလေ-ာင် ပျ-က်စီးအဆောက်အအုံများကို စတင်ဖျက်သိမ်း

စစ်ရေးပဋိပက္ခများကြောင့် မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှနေအိမ်များအနက် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မာန်အောင်လမ်းရှိ နေအိမ်များကို ယနေ့ မေ ၁၆ ရက်နံနက် ၁၀...

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲအများစု အဝယ်အေး၍ ဈေးတည်ငြိမ်နေ

မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အဝယ်အေးနေပြီး ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။ ပဲစင်းငုံ (နီ) (၆၀)...
HomeInternationalတရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ်

တရုတ်-အမေရိကန် ပြန်လည်ဆုံစည်းကြရာဝယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပေကျင်းခရီးစဉ်အတွင်း မြင်တွေ့ရသည့် မြင်ကွင်းများဖြစ်သော အမေရိကန်အလံကို ဝှေ့ယမ်းနှုတ်ဆက်နေကြသည့် ကျောင်းသားလူငယ်လေးများ၊ အမေရိကန်ခေါင်းဆောင်နှင့်အတူ လိုက်ပါလာသည့် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိများအဖွဲ့ စသည်တို့ထက် ပိုမိုအရေးပါသည့် အဓိကသတင်းစကားမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်ကိုယ်တိုင် ပြောကြားခဲ့သည့် “အပြုသဘောတည်ဆောက်မှုရရှိစေမည့် မဟာဗျူဟာမြောက် တည်ငြိမ်မှု” ပင် ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး ပြိုင်ဘက်များအဖြစ် ရှုမြင်ကြသော်လည်း ဆက်ဆံရေးများ ပြိုကွဲသွားသည်ကိုမူ မလိုလားကြောင်း ဖော်ပြခဲ့ကြရသည်။ တရုတ်နိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ “တရုတ်နိုင်ငံ၏ တံခါးပေါက်သည် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကျယ်ပြန့်စွာ ပွင့်လင်းလာမည်” ဟူသော ရှီကျင့်ဖိန်၏ အမေရိကန်အမှုဆောင်အရာရှိချုပ်များအပေါ် ကတိကဝတ်ပြုချက်ကို ထရမ့်က ကျေနပ်အားရမည်မှာ သေချာပါသည်။

သို့သော် ၎င်းတို့အကြား သဘောထားကွဲလွဲမှုများ မရှိခြင်းတော့ မဟုတ်ပေ။ အမေရိကန်သမ္မတနှင့် တံခါးပိတ်ဆွေးနွေးမှုများအတွင်း တရုတ်နိုင်ငံက အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်သော ထိုင်ဝမ်ကိစ္စနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံနှစ်ခုအကြား “ထိပ်တိုက်တွေ့ခြင်း သို့မဟုတ် ပဋိပက္ခဖြစ်ပွားခြင်း” အထိ ဖြစ်လာနိုင်ကြောင်း ရှီကျင့်ဖျင်က သတိပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ထိုင်ဝမ်ကိစ္စသည် “တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးအကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်” ဟု ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဤသို့သော နောက်ခံအခြေအနေများရှိနေသော်လည်း ထရမ့်သည် သောကြာနေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမှ ထွက်ခွာစဉ် လေယာဉ်တံခါးဝမှ လှိုက်လှဲစွာ နှုတ်ဆက်ခဲ့ပြီး အောက်မှလူအုပ်ကြီးကလည်း အမေရိကန်အလံများကို ဝှေ့ယမ်းကာ ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။ ထရမ့်အနေဖြင့် ယခုခရီးစဉ်ကို အောင်မြင်မှုတစ်ခုအဖြစ် ဂုဏ်ယူမည်မှာ သေချာသော်လည်း တရုတ်နိုင်ငံတွင်မူ ယင်းကို ပိုမိုကြီးမားသော အပြောင်းအလဲတစ်ခု၏ အမှတ်အသားအဖြစ် ရှုမြင်ကြမည်ဖြစ်သည်။

“တရုတ်နိုင်ငံဟာ သူတို့ကိုယ်သူတို့ အမေရိကန်နဲ့ တန်းတူအဆင့်အတန်းရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ရှင်းရှင်းလင်းလင်း ရပ်တည်နိုင်ခဲ့ပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု Australian National University မှ တရုတ်ခေါင်းဆောင်မှုဆိုင်ရာ ပညာရှင် ဆွန်ဝမ်တီက မှတ်ချက်ပြုခဲ့သည်။

Ref: TIME Magazine Cover Story

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ ပြန်လည်လည်ပတ်မည်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံကို ပြည်လည်လည်ပတ်နိုင်ရန် ပြုပြင်မှုများပြုလုပ်လျက်ရှိရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မေ ၁၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ် ဆေးခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ၏ CENTRAL CONTROL ROOM၊ COMPRESSOR HOUSE နှင့် သိုလှောင်ရုံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က ကန်ကြီးထောင့်အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသည် တောင်သူများအတွက် မရှိမဖြစ်လိုအပ်သည့်စက်ရုံဖြစ်ပြီး ပြည်တွင်းတွင် ဓာတ်မြေဩဇာများပိုမိုထုတ်လုပ်နိုင်ပါက ပြည်ပမှမှာယူတင်သွင်းမှုကိုလျော့ချနိုင်မည်ဖြစ်ကာ သက်သာသောဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်မည်ဟု ပြော သည်။ ထို့ပြင် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာလျော့ချသုံးစွဲနိုင်ရေးအတွက် အီးအမ်ဘိုကာရှီ သဘာဝဓာတ်...

ကော့ကရိတ်မြို့ရှိ မီးလေ-ာင် ပျ-က်စီးအဆောက်အအုံများကို စတင်ဖျက်သိမ်း

စစ်ရေးပဋိပက္ခများကြောင့် မီးလေ-ာင်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှနေအိမ်များအနက် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မာန်အောင်လမ်းရှိ နေအိမ်များကို ယနေ့ မေ ၁၆ ရက်နံနက် ၁၀ နာရီမှစတင်၍ ယန္တရားများဖြင့်ရှင်းလင်းဖျ-က်သိမ်းမှုများပြုလုပ်လျက်ရှိသည်။