တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အကောင်အထည်ဖော်ရေးကို မြန်မာနိုင်ငံ ဒု-သမ္မတဦးညိုစောနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်တို့ ယနေ့ မေ ၁၉ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် စီမံ ကိန်းများအပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစား/အွန်လိုင်းလိမ်လည်မှုများတို-က်ဖျ-က်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
