Tuesday, March 18, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeInternationalတရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

တရုတ်၏ကျူးကျော်နိုင်မှု အရိပ်အ‌ယောင်များကြောင့် ထိုင်ဝမ်လည်းစစ်ရေးလေ့ကျင့်

ဖင်းဂန်၊ဩဂုတ် ၉

ထိုင်ဝမ်၏ထိပ်တန်းသံတမန်က တရုတ်နိုင်ငံသည် ထိုင်ဝမ်ကိုကျူးကျော်ရန် ပြင်ဆင်နေကြောင်းစွပ်စွဲကာ အင်္ဂါနေ့ (သြဂုတ် ၉ ရက်) တွင် အမြောက်တပ်စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဌနန်စီပေလိုစီ၏ ခရီးစဉ်အပြီးတွင် တရုတ်သည် ၎င်း၏အကြီးမားဆုံး ရေပြင်နှင့်ဝေဟင်စစ်ရေးလေ့ကျင့်မှုများကို ထိုင်ဝမ်အနီးတွင်ပြုလုပ်ခဲ့သည်။

ပေကျင်းက ပေလိုစီ၏ခရီးစဉ်ကို စစ်ရေးအကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟုဆိုကာ “ထိုင်ဝမ်အားကျူးကျော်ရန် ပြင်ဆင်ဖို့အတွက် တရုတ်ကစစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ရေးပြနည်းတွေကို အသုံးပြုနေပါတယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က အင်္ဂါနေ့ကတိုင်ပေ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“တရုတ်ရဲ့တကယ့်ရည်ရွယ်ချက်က ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတစ်ခုလုံးက လက်ရှိအနေအထားကိုပြောင်းလဲဖို့ပါပဲ” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ထိုင်ဝမ်၏စစ်ရေးလေ့ကျင့်မှုကို စင်္ကာပူစံတော်ချိန်နံနက် ၈ နာရီ ၄၀ မိနစ်၌ နိုင်ငံ၏တောင်ပိုင်း Pingtung ဒေသတွင်စတင်ခဲ့ပြီးနောက် တစ်နာရီခန့်အကြာတွင် ပြီးဆုံးခဲ့သည်ဟု တပ်မတော်မှပြောရေးဆိုခွင့်ရှိသူ မစ္စတာ Lou Woei-jye ကပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် ယခင်ကတည်းကအစီစဉ်ဆွဲထားပြီးသားဖြစ်ကာ တရုတ်လေ့ကျင့်မှုကို တုံ့ပြန်ခြင်းမဟုတ်ကြောင်း မစ္စတာ Lou က AFP သို့ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းနိုင်ငံငယ်သည် တရုတ်၏ကျူးကျော်မှုကို ခုခံကာကွယ်သည့် ပုံစံတူစစ်ရေးလေ့ကျင့်မှုကို ပုံမှန်ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်လကလည်းအကြီးဆုံးနှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုအဖြစ် “ပူးတွဲကြားဖြတ်စစ်ဆင်ရေး” တွင် ပင်လယ်ပြင်မှတိုက်ခိုက်ခြင်းကိုလေ့ကျင့်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ် ပြည်သူများကို စိတ်ဓာတ်ကျစေရန် အကြီးစားစစ်ရေးလေ့ကျင့်မှုများနှင့် ဒုံးကျည်ပစ်လွှတ်မှုများအပြင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ မဟုတ်မမှန်သော လှုံ့ဆော်မှုများနှင့် စီးပွားရေးအရအကျပ်ကိုင်မှုများကိုပါ ပြုလုပ်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံခြား​ရေးဝန်ကြီးမစ္စတာ Wu က တရုတ်နိုင်ငံကိုဆန့်ကျင်လျက် ထိုင်ဝမ်သို့မရောက်ရောက်အောင်လာပေးခဲ့သည့်မစ္စပေလိုစီ၏ခရီးစဉ်အတွက် ‌အမေရိကအပါအဝင် အနောက်နိုင်ငံမှမဟာမိတ်များအားကျေးဇူးတင်ကြောင်းထပ်မံပြောကြားခဲ့သည်။

Source – AFP/ta

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လျက်ရှိနေသည်။ “သိပ်မဝေးတော့တဲ့ အနာဂတ်မှာ သူလာမှာပါ” ဟု ဝါရှင်တန်ရှိကနေဒီစင်တာတွင် တရုတ်ခေါင်းဆောင်နှင့်ပတ်သက်၍ သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့ပြီး အသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။ အမေရိက၌ ဇွန်လလောက်တွင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်နေပြီဟု ဝေါစထရိဂျာနယ်က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းဖော်ပြခဲ့သည်။ ဇန်နဝါရီလတွင်...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်မြို့၌ဖမ်းမိ

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆ ရက်ည ၇ နာ ရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ် ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ်တို့အား အိုက်စ်(၁ ဒသ မ ၂ တန်)နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်များအား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နေထိုင်...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ပြည်နှင်လွှဲပြောင်းပေး

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင် နိုင်ငံခြားသား(၁၈၉)ဦးကို ယနေ့ မတ် ၁၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဂျပန်နိုင်ငံသား(၁)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၁၆၉)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၉)ဦး(စုစုပေါင်း ၁၈၉ ဦး)ကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071