တရုတ်နိုင်ငံ၌ AI စနစ်ကိုတွင်ကျယ်စွာအသုံးပြုလျက်ရှိရာ ယင်း စနစ်အသုံးပြုနေသည့် ဟာဘင်းမြို့ရှိ Beidahaung Smart Agriculture Exhibition Center သို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ယနေ့ စက်တင်ဘာ ၅ ရက်နံနက် ၈ နာရီက ကြည့်ရှုလေ့လာခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ခင်းကျင်းပြသထားသည့် လယ်ယာစိုက်ပျိုးမှုသရုပ်ပြပုံစံငယ်၊ စိုက်ပျိုးရေးလုပ်ငန်းများကို ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြစ်သော လူမဲ့နည်းပညာဖြင့် AI စနစ်သုံးစက်ယန္တရားများနှင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် AI စနစ်သုံး Drone များဖြင့်စိုက်ပျိုးမြေများအတွက်လိုအပ်သော မြေဩဇာများ၊ ပိုးသတ်ဆေး များကြဲပက်ခြင်းနှင့် မျိုးစေ့များကြဲပတ်ခြင်းလုပ် ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးနှင့် မွေး မြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများကိုအသုံးပြု၍ တန်ဖိုးမြင့်ကုန်ချောပစ္စည်းများအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့် Beidahaung Smart Agriculture မှထုတ်လုပ်ထားသည့် အဆင့်မြင့်လယ်ယာသုံးစက်ပစ္စည်းကိရိ ယာများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
ထို့အတူ Data Center အတွင်း လူမဲ့နည်းပညာဖြင့် AI စနစ်သုံးကောက်စိုက်စက်များ၊ Drone များဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရေသွင်းရေထုတ်လုပ်ငန်းများဆောင်ရွက်နေမှုတို့ကိုလည်း တိုက်ရိုက်ကြည့်ရှုလေ့လာခဲ့သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ကြည့်ရှု့လေ့လာစဥ် Beidahaung Smart Agriculture Exhibition Center တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြရာ မြန်မာနိုင်ငံတော် ယာယီသမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
