မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online လိမ်လည်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁၅)ဦးကို ယနေ့ အောက်တိုဘာ ၁၉ ရက်က ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းတို့ကို သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက နေ့ချင်းပြီးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်ကလည်း မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online လိမ်လည်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၄၅)ဦးနှင့် ဖီလစ်ပိုင်နိုင်ငံသား(၁)ဦးတို့ကိုလည်း ဖော်ထုတ်စစ်ဆေးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၅၅၁)ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ (၉,၃၃၇)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂၁၄)ဦးမှာလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
