တရုတ်နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှ မိတ်ဖက်များနှင့်အတူ ဖိနှိပ်မှုနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းကိိုဆန့်ကျင်ပြီး လွတ်လပ်သော ကုန်သွယ်ရေးကို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) နိုင်ငံအကြီးအကဲများကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
“ကျွန်တော်တို့ဟာ တရားမျှတမှု၊ ဒုတိယကမ္ဘာစစ်သမိုင်းကို မှန်မှန်ကန်ကန် နားလည်မှုတို့အတွက် ရပ်တည်ပြီး၊ စစ်အေးခေတ်စိတ်ဓာတ်၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ခြိမ်းခြောက်အနိုင်ကျင့်တဲ့ နိုင်ငံရေးတို့ကို ဆန့်ကျင်ပါတယ်။ ကုလသမဂ္ဂအခြေပြု နိုင်ငံတကာစနစ်ကို ကာကွယ်စောင့်ရှောက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဦးဆောင်တဲ့ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကိုလဲ ထောက်ခံပါတယ်” ဟု သူက အလေးပေး ပြောကြားခဲ့ခြင်းဖြစ်သည်။
