Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeNewsLocal Newsတရုတ်နိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ၇...

တရုတ်နိုင်ငံသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို ၇ မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ကတိပြုကြောင်း သမ္မတရှီမှ ကုလသမဂ္ဂသို့ ပြောကြား

လက်ရှိ ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအမြင့်မားဆုံး နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် ၎င်း၏ ထုတ်လွှတ်မှုများကို ၇ မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့က နှစ်စဉ်ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အတွင်း ပြုလုပ်သည့် ကုလသမဂ္ဂ၏ အဆင့်မြင့်ရာသီဥတု ထိပ်သီးအစည်းအဝေးတွင် “ကမ္ဘာကြီး ပူနွေးလာမှုနှင့် အပူလွန်ကဲသော ရာသီဥတုကို ဖြစ်စေသည့် ဓာတ်ငွေ့များထုတ်လွှတ်မှုကို တရုတ်နိုင်ငံက လျှော့ချသွားမည်ဖြစ်ကြောင်း” တရုတ်သမ္မတ ရှီကျင့်ဖျင်က ဗီဒီယိုမိန့်ခွန်းဖြင့် အခြားခေါင်းဆောင်များသို့ ပြောကြားခဲ့သည်။

“စိမ်းလန်းပြီး ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှုနည်းတဲ့ စွမ်းအင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသွင်ကူးပြောင်းမှုဟာ ကျွန်တော်တို့ခေတ်ရဲ့ လမ်းကြောင်းဖြစ်ပါတယ်” ဟု ရှီက ပြောကြားသည်။

ဤကြေညာချက်သည် အမေရိကန်နိုင်ငံက ၎င်း၏ကတိကဝတ်များအား ပြန်လည်ရုပ်သိမ်းနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့်က ရာသီဥတုပြောင်းလဲမှုကို “လှည့်ဖြားမှု” ဟု အင်္ဂါနေ့က ခေါ်ဝေါ်ခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု သဘောတရားတို့ကိုလည်း အထင်သေးခဲ့သည်။

ရှီက “အချို့သောနိုင်ငံများက [ရာသီဥတုဖောက်ပြန်မှု တို-က်ဖျ-က်ရေးလမ်းကြောင်း] ကို ဆန့်ကျင်လုပ်ဆောင်နေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မှန်ကန်သော ဦးတည်ချက်အပေါ်တွင်သာ အာရုံစိုက်နေသင့်သည်” ဟု ပြောကြားခဲ့သည်။

ရှီ၏ နောက်ဆုံးထုတ်လွှတ်မှု ကတိကဝတ်သည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဒိုင်‌အောက်ဆိုဒ်ထုတ်လွှတ်မှု‌ကို အမြင့်ဆုံးအဆင့်အထိ လျှော့ချရန် ယခင်ကတိပြုခဲ့သည့်အပေါ် ထပ်ပေါင်းခြင်းဖြစ်ပြီး၊ ထိုပန်းတိုင်သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်စာရင်းဇယားများအရ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပုံရကြောင်း သုံးသပ်ကြသည်။

Source: scmp

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071