Wednesday, February 19, 2025

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊...

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး...

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့်...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ...
HomeNewsLocal Newsတရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA...

တရုတ်ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် TNLA ၊ AA တို့တွေ့ဆုံဆွေးနွေးရန်ရှိနေ

တရုတ်၏ကြားဝင်မှုဖြင့် မြန်မာ့တပ်မတော်နှင့် MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီးနောက် မြောက်ပိုင်း(၃)ဖွဲ့အနက် ကျန်ရှိသည့် TNLA နှင့် AA တို့ကပါ မြန်မာ့တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် ရှိနေကြောင်း ပေါ်ပြူလာနယူးစ်က စုံစမ်းသိရှိရသည်။

ပေါ်ပြူလာနယူးစ်၏ သတင်းရင်းမြစ်ထံက လတ်တလောရရှိထားသည့် သတင်းအချက်အလက်အရ ‌လာမည့်လအတွင်း မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများနှင့် TNLA တို့ တရုတ်နိုင်ငံ‌တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေပြီး ရက်အပိုင်းအခြား တစ်ခု သတ်မှတ်ကာ AA နှင့် ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

” နောက်လထဲလောက်မှာ ဖြစ်နိုင်ပါလိမ့်မယ်။ TNLA နဲ့ဆွေးနွေးပြီးလို့ နောက် (၁၀) ရက်နေရင် AA နဲ့ ထပ်ဆွေးနွေးမယ်လို့ သတင်းကြားရပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

မြောက်ပိုင်း(၃)ဖွဲ့၏ ၁၀၂၇ အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ခဲ့သည့် ကျူးကျော် တိုက်ခိုက်မှုများကြောင့် ရှမ်း/မြောက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် များစွာထိခိုက်ခဲ့ရပြီး နိုင်ငံတော်၏ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို များစွာ ထိခိုက်ခဲ့ရသည်။

အလားတူ ၁၀၂၇ ဒုတိယလှိုင်းတွင်လည်း ရှမ်း/မြောက်ရှိ လားရှိုးမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံအမြောက်အများ စစ်ဘေးဒဏ်သင့်ခဲ့ရသည့်အခြေအနေလည်း ဖြစ်သည်။

အဆိုပါ အခြေအနေကို ကျော်လွှားနိုင်ရန် အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား ဟိုင်ဂင်ဆွေးနွေးပွဲ (၆) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး သိသာသည့်အရွေ့မရှိခဲ့သည့် အခြေအနေဖြစ်သည်။

ထို့နောက် MNDAA နှင့် မြန်မာ့တပ်မတော်တို့အကြား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတို့တွင်(၂)ကြိမ် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိကာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆွေးနွေးမှုကို ကမကထလုပ်ခဲ့သည့် တရုတ်အစိုးရဘက်က တရားဝင် ထုတ်ပြောခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ရှိ လားရှိုးမြို့တွင် နေရာယူထားသည့် MNDAA အဖွဲ့များ ပြန်ဆုတ်ပေးရမည်ဟုသိရပြီး နှစ်ဘက်အဖွဲ့များမှ တရားဝင် ထုတ်ပြန်ပြောဆိုလာခြင်းမျိုးမရှိသော်လည်း သဘောတူညီမှု၏ အကျိုးဆက်အနေဖြင့် တရုတ်အစိုးရက ပိတ်ထားသည့် နှစ်နိုင်ငံ နယ်စပ်ဂိတ်အချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပြီး ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြောက်ပိုင်း (၃)ဖွဲ့စလုံးသည် ပဋိပက္ခများကို စစ်ရေးနည်းအရ ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာနိုင်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြောထားပြီး MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိထားပြီလည်း ဖြစ်သည်။

ပုံစာ – တရုတ်တွင် ပြုလုပ်သည့် ဟိုင်ဂင်ဆွေးနွေးပွဲပုံရိပ်(ပုံဟောင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေး ရထားခရီးစဉ် အချိန်ပြောင်းလဲပြေးဆွဲလာ ၊ ဘူတာစဉ် (၁၃) ဘူတာ မရပ်နားဘဲ ကြာမြင့်ချိန်လျော့ချလာ

ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်ပြေးဆွဲမှုအချိန်ကို ဖေဖော်ဝါရီ(၁၇)ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲလာသည့်အပြင် ဘူတာစဉ် (၁၃) ဘူတာ၌လည်း မရပ်နားသဖြင့်ကြာမြင့်ချိန်လျော့ချလာကြောင်း ရန်ကုန်-မန္တလေး ရထားစီးခရီးသည်များထံက သိရသည်။ ရန်ကုန်-မန္တလေး (၁၁) အဆန်၊ (၁၂) အစုန် အမြန်ရထားစဉ်ကို ယခင်က ရန်ကုန်ဘူတာကြီးမှ နံနက် (၅) နာရီထွက်ခွာ၍ မန္တလေးသို့ ည (၁၁) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်ပြီး၊ ယခုအခါ ပြင်ဆင်လိုက်သည့် အချိန်အရ နံနက် (၆) နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးသို့ ည (၆)နာရီ (၄၅)...

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေသော အီလွန်မတ်၏ လုပ်ဆောင်ချက်များကို ချက်ချင်းတားဆီးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုချက်များကို လောလောဆယ်အားဖြင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ အစိုးရအေဂျင်စီ ၇ ခု၏ ကွန်ပျူတာစနစ်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်းတို့ကို တားမြစ်သည့် တရားဝင် အမိန့်ထုတ်ပေးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုတောင်းဆိုချက်တွင်...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကန်-ရုရှား သဘောတူ

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့် ရုရှားတို့ သဘောတူညီခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားသည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့် မော်စကို၏ အခြားလုပ်ရပ်များနှင့် ပတ်သက်၍ ယခင်အမေရိကန်အစိုးရများက ရုရှားသံတမန်များအပေါ် ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးနေသည်ကို ယခုလုပ်ရပ်က ပြသနေသည်။ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ပ်က စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ထိပ်တန်းအရာရှိများကို အမိန့်ပေးခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071