တရားမဝင် Online လောင်းကစားဂိမ်းဖြစ်သည့် Ibet 789 ကိုဦးဆောင်လုပ်ကိုင်သည့်(Senior Agent) (၇)ဦးအား ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက Online လောင်းကစားဂိမ်းများအား အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များကိုဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်လေဆိပ်၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် (၃)ဦးကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်း အား လှိုင်သာယာမြို့နယ်၊ Senior Agent ယဉ်ယဉ်နု အား သာကေတမြို့နယ်တို့၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှ ဖမ်းဆီးရမိသူ(၇)ဦးအား သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အမှုဖွင့်လှစ်၍ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သော လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
