တရုတ်- မြန်မာနယ်စပ်ရှိ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်ကျင်းပသည့် “၂၀၂၅ ခုနှစ် တယ်ဟုန်းနယ်စပ် ကုန်စည်ပြပွဲ” တွင် မြန်မာနိုင်ငံက ပါဝင်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲကို စက်တင်ဘာ (၂၉) ရက်မှ အောက် တိုဘာလ (၈) ရက်အထိ ၁၀ ရက်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းကုန်စည်ပြပွဲတွင် မြန်မာ၊ တရုတ်၊ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ၏ ဒေသထွက်ကုန်ပစ္စည်းမျိုးစုံကို စုစည်းပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြသလို ပြပွဲတွင်မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ စားသောက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်အပါအဝင် မြန်မာထုတ်ကုန်များကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက်ဟုန်းနယ်စပ်ကုန်စည်ပြပွဲကို “တံခါးဖွင့်ပြီး ဆန်းသစ်တီထွင်ခြင်း၊ ပူးပေါင်းပြီးအကျိုး ရလဒ်အတူ ရရှိခြင်း” ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြခန်းပေါင်း (၈၀၀) ကျော် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
