Monday, June 8, 2026

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊...

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...
HomeNewsLocal Newsတယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။

ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက် ဖြေရှင်းချက်များနှင့် အစီအမံများ ထားရှိရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

အက်ပ်ကို အသုံးပြု၍ လုပ်ဆောင်ခဲ့သော တရားမဝင် လုပ်ရပ်များအတွင်း လိ-မ်လ-ည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနှင့် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်သော သံသယရှိ ကိစ္စရပ်များကို ကိုးကား၍ နိုင်ငံတွင်းရှိ တယ်လီဂရမ် ချန်နယ်နှင့် ဂရုပေါင်း ၉,၆၀၀ အနက် ၆၈ ရာခိုင်နှုန်းသည် ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က အစီရင်ခံခဲ့ပြီးနောက် ဝန်ကြီးဌာနသည် နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးဌာနကိုယ်စား ဆောင်ရွက်နေသည်ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

အဆိုပါ စာသည် မှန်ကန်ကြောင်း နည်းပညာဝန်ကြီးဌာန အရာရှိတစ်ဦးက ရိုက်တာကို အတည်ပြုခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုသူ၏ အချက်အလက်များကို ပေးအပ်ရန် အစိုးရ၏ တောင်းဆိုမှုကို တယ်လီဂရမ်က လိုက်နာရန် ပျက်ကွက်ခဲ့သောကြောင့် ယင်းသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊ လူငယ်တစ်ဦး ဖမ်းဆီးရမိထား

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏ မှန်အချို့ ပျ-က်စီးခဲ့ပြီး ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က မှန်ပါတယ်။ ခဲနဲ့ပစ်တဲ့သူတွေထဲက လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားတာဝန်ရှိသူများက ရထားကို နောက်ပြန်ဆုတ်၍ ပ-စ်ပေါက်သူများအား လိုက်လံရှာဖွေခဲ့ရာ လူငယ်များမှာ ထွက်ပြေးသွားခဲ့ကြပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူအား...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071