Saturday, June 13, 2026

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက...

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...
HomeNewsLocal Newsတပ်မတော် (ရေ) ၏...

တပ်မတော် (ရေ) ၏ အကြီးဆုံး စစ်ရေယာဉ် (မုတ္တမ) ဖြ င့် ရခိုင်မုန်တိုင်းသင့်များကို ကူညီကယ်ဆယ်ရေးများ လု ပ်ဆောင်‌နေ

“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်း ပို့ဆောင်ခြင်းများ လုပ်ဆောင်နိုင်ရန် တပ်မတော် (ရေ) ၏ စစ်ရေယာဉ် (မုတ္တမ) သည် ရခိုင်ပြ ည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြော က်၊ ဒီဇယ်၊အဝတ်အထည်၊ မီးစက်၊ မိုးကာတဲများ၊ တာ ပေါ်လင်စများ၊ သွပ်နှင့် ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောများ၊ စားအုန်းဆီများ၊ စည်သွပ်ဘူးများ၊ MPT Mobile Van ကားများ၊ ရေသန့်စင်စက်ကားများ၊ စစ်တွေမြို့တွင် ပျက်စီးနေသည့် လျှပ်စစ်မီးကြိုးများအား ပြင် ဆင်ရန် လျှပ်စစ်လုပ်သား (၁၀၄) ဦး အပါအဝင် (၁၁၆) ဦးအား တင်ဆောင်ကာ မေ (၁၆) ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ စစ်တွေမြို့ Essar တံတားသို့ မေ (၁၈) ရက် နံနက်ပိုင်းတွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)အား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး (HADR)တာဝန်များ ၊ ဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် အ ကူအညီပေးခြင်းနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်း၊ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခြင်း၊ ပင်လယ်ရပ်ခြားရှိ မြန်မာနိုင်ငံသားများအား အရေးပေါ်အခြေအနေတွင် ကယ်ထုတ်ခြင်း တာဝန်များ ထမ်းဆောင်နိုင်ရန် တာဝန်ပေးထားခြင်းဖြစ် ကြော င်းလည်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် HADR လုပ်ငန်းများအတွက် အထူးအားထားရသည့် အကြီးဆုံးနှင့် ခေတ်အမီဆုံး စစ်ရေယာဉ်ဖြစ်ကာ ကိုရီးယားနိုင်ငံ၊ Dae Sun Shipyard တွ င် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်၌ တပ်မတော် (ရေ)တွင် တပ်တော်ဝင်၍ စတင်အသုံးပြုခဲ့ ကြောင်း သိရသည်။

ရေယာဉ်အလျား ၁၂၅ မီတာ၊ အနံ ၂၂ မီတာ၊ ရေ စူး ၄.၅ မီတာ၊ ဝန်ပြည့်အလေးချိန် ၇၃၀၀ တန်ရှိပြီး ယာဉ်နှင့်ကုန်များအပြင် လူဦးရေ ၅၀၀ ဦး တင်ဆောင်နိုင်ကာ ၁၇ ကုတင်ဆန့် အသေးစား ဆေးရုံပါရှိပြီး ခွဲစိပ်ခန်း၊ဓာတ်မှန်ခန်း၊သွားဆေးခန်း၊ သူနာပြုခန်း၊ လူနာစမ်းသပ်ခန်းများလည်း ပါရှိသည်။

ထို့ပြင် ရေကြီးရေလျှံဒေသများတွင် ကမ်းထိုး၍ ပစ္စည်းများတင်ချနိုင်သည့် အလျား ၂၃ မီတာ၊ အနံ ၆ မီတာ၊ ရေ စူး ၁ ဒသမ ၂ မီတာရှိ ကမ်းထိုး‌ ရေယာဉ် ၂ စီးပါရှိကာ လေကြောင်းမှ ကူညီကယ် ဆယ်ရေးလုပ်‌ဆောင်နိုင်ရန် အကြီးစား/အလတ်စား ရဟတ်ယာဉ် ၂ စီးတင်ဆောင်နိုင်သည့် ကုန်းပတ်လည်း ပါရှိကြောင်း သိရသည်။

စစ်ရေယာဥ်(မုတ္တမ)သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါ ရီ ၂၁ ရက်မှ ၂၃ ရက်အထိ မလေးရှားနိုင်ငံတွင် အကြောင်းအ မျိုးမျိုးဖြင့် ရောက်ရှိ‌နေသည့် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ၊ စစ်ရေယာ ဉ်(ဆင်ဖြူရှင်)တို့နှင့်အတူ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ၊လူမွတ်ဆိပ်ကမ်းသို့ ရေမိုင် ၁၈၄၀ မိုင်အားခုတ်မောင်း၍ ကူညီကယ်ဆယ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက ဖမ်းဆီးနှိပ် စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြု

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန် ၁၁ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး(စတုတ္ထနေ့)တွင် ယင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ မှတ်တမ်းတင်အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များက ယင်း ကျေးရွာ(၃)ရွာမှဒေ သခံများကို ဖမ်းဆီးနှိပ်စက်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ယင်း အကြမ်းဖက်မှုလုပ်ရပ်အား ကန့် ကွက်ရှုံ့ချကြောင်းအဆိုကို ငဖဲမြို့နယ်မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်လင်းကလွှတ်တော်သို့တင်သွင်းခဲ့ကြောင်း...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့ ဇွန် ၁၂ ရက်ကကျင်းပသည့် တတိယအကြိမ် ရန် ကုန်တိုင်းဒေသကြီးလွှတ်‌တော် ဒုတိယပုံမှန်အစည်းအ ဝေး ဒုတိယနေ့တွင် ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးသိန်းနိုင်၏ ရွှေပြည်သာ မြို့နယ်အတွင်း လိုအပ်လျှက်ရှိသော ထရမ်စဖော်မာများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်ရှိ မီးသုံးသူများကို ဌာနပိုင် ထရန်စဖော်မာ(၂၆၀)လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ ယင်းတို့အနက် (၁၀၀)လုံးသည်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE က ယနေ့ ဇွန် ၁၂ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လာအိုနိုင်ငံသမ္မတက မြန်မာနိုင်ငံသမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးလာရောက်ရန်ဖိတ်ကြားကာ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပြီး ယင်းသို့လာရောက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုများစွာအထောက်အကူပြုမည်ကို မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု လာအိုနိုင်ငံ ဒု-...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071