Tuesday, September 15, 2026

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို...

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး...

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက်...

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆...

ရန်ကုန်၊ စက်တင်ဘာ ၁၅ ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ကြောင်း...

မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ခိုင်မာလာစေရေးတို့အတွက်...

ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိဟုဆို နေပြည်တော်၊ စက်တင်ဘာ ၁၅ မိမိလာရောက်သည့် ခရီးစဉ်ရည်ရွယ်ချက်မှာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့်...
HomeNewsLocal Newsတပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်...

တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ယောက်အစားထိုး ပြောင်းလဲ  နေပြည်တော်၊ စက်တင်ဘာ ၁၅

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦးကို  အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
 
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးမှာ ကြည်း ၃၃၄၆၆ ဗိုလ်မှူးချုပ်ဉာဏ်သိန်းဦး (အစား) ကြည်း ၃၅၄၂၈ ဗိုလ်မှူးကြီး သူရိန်ဟန်၊ ကြည်း ၂၀၆၃၈ ဗိုလ်မှူးကြီး အောင်ကျော်ဦး (အစား) ကြည်း ၂၇၂၁၃ ဗိုလ်မှူးကြီး စိုးထွန်း၊ ကြည်း ၂၃၃၅၃ ဗိုလ်မှူးချုပ် ဝင်းကိုကို (အစား) ကြည်း ၂၈၂၇၄ ဗိုလ်မှူးကြီး သိန်းလွင်၊ ကြည်း ၂၃၆၇၆ ဗိုလ်မှူးချုပ်ဒေါ်စိုးစိုးခိုင် (အစား) အင်န် ၆၅၉  ဒုတိယဗိုလ်မှူးကြီး ဒေါ်ဉမ္မာမြင့်၊ ကြည်း ၂၃၆၇၅ ဒုတိယ ဗိုလ်မှူးကြီး  ဒေါ်ခင်ဉမ္မာကြိုင်(အစား) အင်န် ၈၃၁ ဗိုလ်မှူးဒေါ်အေးအေးမွန်၊ ကြည်း ၂၅၅၁၅ ဒုတိယဗိုလ်မှူးကြီးဒေါ်ခိုင်ခိုင်စု (အစား) အင်န် ၈၂၄ ဗိုလ်မှူး ဒေါ်အေးသက်သက်ခိုင်၊ အင်န် ၆၃၇  ဗိုလ်မှူး ဒေါ်ခင်သူဇာ (အစား)အင်န် ၇၀၇ ဗိုလ်မှူးဒေါ်သီတာလွင်တို့ဖြစ်သည်။
 
ထို့အတူ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး အစားထိုးပြောင်းလဲလိုက်ခြင်းဖြစ်သည်။
 
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ ကြည်း ၂၀၈၃၄ ဗိုလ်မှူးချုပ် ဝင်းကိုကို (အစား) ကြည်း ၂၅၀၆၅ ဗိုလ်မှူးကြီး ခင်မောင်စိုး၊ လေ ၁၉၆၂ ဗိုလ်မှူးချုပ် မြင့်သောင်း (အစား) လေ ၂၂၁၄ ဗိုလ်မှူးကြီး ဇော်ဇော်ထွန်း၊ ကြည်း ၃၄၇၁၁ ဗိုလ်မှူး တင့်လွင်အေး (အစား) ကြည်း ၅၅၃၉၈ ဗိုလ်မှူးဇင်ကိုဝင်း ၊ ကြည်း ၃၆၅၁၈ ဗိုလ်မှူးဇေယျာဝင်း(အစား) ကြည်း ၂၈၆၅၄ ဗိုလ်မှူးဇော်မင်းသိန်း၊ ကြည်း ၅၂၇၈၉  ဗိုလ်မှူးကျော်ဇင်ဝင်း (အစား) ကြည်း ၅၄၉၃၅ ဗိုလ်မှူးနိုင်ဝင်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ်

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။ အသက် ၅၅ နှစ်အရွယ် စီးပွားရေးပညာရှင် ဆူဟာဆီလ်သည် ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတပရာဘိုဝို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အာဏာရလာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရယူသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။ ဆူဟာဆီလ်သည် စက်တင်ဘာ...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးညီညီဇော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၄ ရက်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်းသိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးနှင့်အတူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကရင်ပြည်နယ်ရုံးခွဲ) ညွှန်ကြားရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြသည်။ ထို့နောက် ရေတံခွန်ဝန်းကျင် သာယာလှပရေး၊ ခရီးသွားများ...

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၅ ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071