Tuesday, November 11, 2025

အွန်လိုင်းငွေလိမ်ဂိုဏ်းများတို-က်ဖျ-က်ရန် ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားတို့ သဘောတူ      

ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားတို့သည် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် တနင်္လာနေ့တွင် ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယားဘက်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။         နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး...

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁၁၈၃)ဦးရှိ

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၈၃) ဦး ရှိကြောင်း သိရသည်။ BBC သတင်းဌာန၏ မေးမြန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အတွက် လေ့ ကျင့်ပြင်ဆင်နေသည့် ISPE...

အာရှအမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အတွက် နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် ISPE အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်ခဲ့သည်။ ...

ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာရာ၌ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများကျန်ရှိမှုမရှိစေရေး အလေးထားရန်...

ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာရာ၌ အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး အလေးထားရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောကြားခဲ့ကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းက ကျင်းပသည့်...
HomeNewsLocal Newsတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight...

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဥ်အား နိုဝင် ဘာ ၁ ရက်တွင်စတင်ပြေးဆွဲမည်

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဥ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ ၄ ရက်ကြာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအ တွင်း ပြည်တွင်း/ပြည်ပခရီးသွားများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန်ရည်ရွယ်၍ Sight Seeing ရထားခ ရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ခရီးစဥ်သည် တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင်ထွက်ခွာကာ လမ်း၍ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ပြီး ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင်ပြန်လည်ထွက်ခွာပြီး တောင်ကြီးဘူတာသို့ မွန်းတည့် ၁၂ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကာ အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲနှင့်ရထားထိန်းတွဲ(၁)တွဲတို့ပါဝင်ပြီး အသွား/အပြန်လက်မှတ်ခအနေဖြင့် တစ်ဦးလျင် အ ထက်တန်းတွဲ(၁၀,၀၀၀)ကျပ်နှင့် ရိုးရိုးတန်းတွဲ(၅,၀၀၀) ကျပ်ဖြစ်ကြောင်း သိရသည်။

ခရီးစဥ်အတွင်း တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သော မီးပုံးပျံကွင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသောမြို့ပြမြင်ကွင်းများ၊ ဘဝသံသရာတံတားအား ဖြတ်သန်းစဉ် တောင်တန်းများ၊ကွင်းပြင်ကျယ်များ၊ ထီသိမ်ဘူတာအထက်ဘက်ရှိ ထီသိမ်အဝိုင်းပတ်နှင့် ဘဝသံသရာတံတား၊ ထီသိမ်ဘုရား၊ မြေပြိုဘုရားများ၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများ၊ တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရန် အမှတ် (၁၄၁)အဆန်၊ (၁၄၂)အစုန် သာစည်-ရွှေညောင်လူစီးရထားကိုလည်း တောင်ကြီးအထိပြေးဆွဲပေးမည်ဖြစ်ရာ အမှတ်(၁၄၁)အဆန်ရထားသည် သာစည်ဘူတာမှ နံနက် ၅ နာရီထွက်ခွာ၍ တောင်ကြီးဘူတာသို့ ညနေ ၆ နာရီခွဲ၊ အမှတ်(၁၄၂)အစုန်ရထားသည် တောင်ကြီးဘူတာမှ နံနက် ၆ နာရီထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီခွဲတို့တွင် ဆိုက်ရောက်မည်ဖြစ်ကာ ဘူတာစဉ်အ လိုက်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခအနေဖြင့် တစ်ဦးလျင် ခရီးစဉ် စ/ဆုံး ရိုးရိုးတန်း(၁၂,၀၀၀)ကျပ်၊ အထက်တန်း(၁၄,၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းငွေလိမ်ဂိုဏ်းများတို-က်ဖျ-က်ရန် ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားတို့ သဘောတူ      

ကမ္ဘောဒီးယားနှင့် တောင်ကိုရီးယားတို့သည် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် တနင်္လာနေ့တွင် ကတိပြုခဲ့ကြကြောင်း ကမ္ဘောဒီးယားဘက်မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။         နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းနှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ ဖနောင်ပင်တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ် ယင်းသို့ ကတိပြုခဲ့ကြခြင်း ဖြစ်သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူများအဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။          ကမ္ဘောဒီးယားနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြသော တောင်ကိုရီးယားနိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးချမ်းသာသည် ကမ္ဘောဒီးယားအစိုးရ၏ အဓိကဦးစားပေးဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဆိုခဲ့သည်။          နှစ်ဖက်စလုံးသည် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး၊ စက်မှုလုပ်ငန်းနှင့်...

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁၁၈၃)ဦးရှိ

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၁၁၈၃) ဦး ရှိကြောင်း သိရသည်။ BBC သတင်းဌာန၏ မေးမြန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသူ ပြည်သူလွှတ်တော်၌ (၃၀၉)ဦး၊ အမျိုးသားလွှတ်တော်(၁၉၀)ဦးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် (၇၀၄)ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမည်စာရင်းတင်သွင်းသူများအနက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် အမျိုးသမီးကိုယ်စားလှယ်လောင်းသည် (၁၁၈၃)ဦးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၉၀၈)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌လည်း အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၉၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမည်စာရင်းတင်သွင်းသူအားလုံးကို ကျား/မ...

အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အတွက် လေ့ ကျင့်ပြင်ဆင်နေသည့် ISPE အမျိုးသမီးအသင်း

အာရှအမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အတွက် နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် ISPE အမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်ခဲ့သည်။ ISPE အမျိုးသမီးအသင်းသည် နိုဝင်ဘာ (၁၂) ရက်၊ ညနေ (၃)နာရီအချိန်၌ ဂျပန်ကလပ် Tokyo Verdy Beleza အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် တောင်ကိုရီးယားအမျိုးသမီးအသင်း (Suwon FC)အသင်းကို (၅)ဂိုးပြတ်ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071