တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲများကြောင့် မြိတ်မြို့ဘက်သို့ တိမ်းရှောင်ခဲ့သည့် ဒေသခံ စစ်ဘေးရှောင် ယာဉ်တစ်စီးကို ဒေသတွင်း လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ (၉)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ယမန်နေ့ ဖေဖော်ဝါရီ(၁၈) ရက် မွန်းလွဲပိုင်းအချိန်ခန့်က မြိတ်မြို့သွားလမ်းပိုင်းပေါ်ရှိ ပနပ်ငယ်ရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ များကို မြိတ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။
“ညောင်ပင်ကွင်းမှာ တိုက်ပွဲဖြစ်လို့ မြိတ်မြို့သို့ ရှောင်းပြေးရင်း ပနပ်ငယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။အားလုံး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်။ ဒေသခံတွေက ဘုန်းကြီးကျောင်းက ကားနဲ့ ရှောင်ကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ရပြီး၊ တိုက်ပွဲကြောင့် ထုံခါ၊ ထုံထော်၊ ငါးမိုင်၊ ခြောက်မိုင်၊ ကွ င်းသစ်၊ ရေဖြူ၊ သဲဖြူ ရွာတို့တွင်လည်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ စစ်ရှောင်နေကြကြောင်း သိရသည်။
ဓာတ်ပုံ-CJ