Friday, February 14, 2025

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။ ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...
HomeInternational<<<>>>တနင်္ဂနွေနေ့တွင် စတင်အသက်ဝင်မည့် အစ္စရေး-ဟားမတ်စ်...

<<<< Breaking News >>>>တနင်္ဂနွေနေ့တွင် စတင်အသက်ဝင်မည့် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိသော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

ဂါဇာကမ်းမြောင်ဒေသတွင် ၁၅ လကြာ စစ်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းသူများမှ သဘောတူ အတည်ပြုလိုက်ကြပြီဖြစ်ပြီး၊ ယင်း အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် တနင်္ဂနွေနေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

သို့သော်လည်း အစ္စရေးတပ်ဖွဲ့များသည် သဘောတူညီချက်ကို ထုတ်ပြန်ကြေညာပြီးကတည်းက ဂါဇာကမ်းမြှောင်တစ်လျှောက် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေပြီး ပါလက်စတိုင်းအသိုက်အဝန်းအတွင်း အနည်းဆုံး ပါလက်စတိုင်း ၃၀ ဦး ထပ်မံသေဆုံးခဲ့သည်။

ကာတာနိုင်ငံ၏မြို့တော် ဒိုဟာမြို့တွင် ချုပ်ဆိုခဲ့သော အဆိုပါသဘောတူညီချက်သည် အစ္စရေးတပ်ဖွဲ့များ အပြည့်အဝဆုတ်ခွာရေး၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ရောက်ရှိရေးနှင့် စစ်ပွဲများကို ထာဝရအဆုံးသတ်ရေးအပါအဝင် ပါလက်စတိုင်းအဖွဲ့က လိုလားသောအခြေအနေများနှင့် ကိုက်ညီကြောင်း ဟားမတ်စ်အရာရှိ Izzat al-Risheq က ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့အား “ဓားစာခံများစွာနှင့် ၎င်းတို့၏ မိသားစုများ” ခံစားနေရသော အဆိုးများကို အဆုံးသတ်ရေး သဘောတူညီချက်အောင်မြင်မှုအတွက် ၎င်းတို့၏ ကြိုတင်ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲများ ကြောင့် ပါလက်စတိုင်း ၄၆၇၀၇ ဦးထက်မနည်း သေဆုံးပြီး ၁၁၀,၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ၊ ဟားမတ်စ်ဦးဆောင်သော တိုက်ခိုက်မှုများအတွင်း အစ္စရေးတွင် အနည်းဆုံး လူ ၁,၁၃၉ ဦး သေဆုံးပြီး ၂၀၀ ကျော်ကို ဖမ်းဆီးခံခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့အခမ်းအနားများကျင်းပ

နှစ်(၁၁၀)ပြည့် မြန်မာနိုင်ငံ ကလေ-းများနေ့ ပျော်ပွဲရွှင်ပွဲကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၈)နာရီက မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပသည်။ ပျော်ပွဲရွှင်ပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ၂၀၂၅-ခုနှစ် မြန်မာနိုင်ငံ ကလေ-းများနေ့ အကြောင်းကိုစစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်ကရှင်းလင်းပြောကြားပြီး နန္ဒဝန်မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များကဂုဏ်ပြုကြစို့၊ဘယ်လိုက၊ လက်တွဲညီညာနေ့၊ ပြည်ထောင်စုပျော်ပွဲ၊ ရှမ်းအိုးစည်၊ ကစားဖော်များ၊ ရခိုင်ပြည်နယ်အလည်သွား၊ ကရင်ဒုံးယိမ်းအကတို့ဖြင့် ကပြသီဆိုဖျော် ဖြေကြသည်။ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် တာဝန်ရှိသူများက နန္ဒဝန်မူလတန်းကြိုကျောင်းမှ...

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071