တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို တောင်ကြီးမြို့၌ အောက်တိုဘာ ၅ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်လွှတ်တော်ရုံးကအသိပေးကြေညာခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၈၊ ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
