Wednesday, November 19, 2025

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး...

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း...

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော...

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့...
HomeNewsLocal Newsတတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို...

တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ဝန်ကြီးဦးသန်းဆွေ တက်ရောက်

မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည့်အကြောင်းကို ပြောကြားခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ အောက်တိုဘာ ၂၈ ရက်နှင့် ယနေ့ အောက်တိုဘာ ၂၉ ရက်တို့ကကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံအားတက်ရောက်လျက်ရှိသည်။

ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ရည်မှန်းချက်များကို အ ကောင်အထည်ဖော်လျက်ရှိကာ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်လျက်ရှိသည်ဟု မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများကို ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုးသွားရန်အဆင်သင့်ရှိကာ မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် အခြားဒေသတွင်း အဖွဲ့အစည်းများမှတစ်ဆင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်သည့်ကွန် ရက်ကိုတို-က်ဖျ-က်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိရာ (၂)နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၇,၇၅၁)ဦးကိုထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ပြောသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများ၏ အ ရင်းခံသည် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှဆင်းသက်လာခြင်းဖြစ်ကာ ရွှေတြိဂံဒေ သရှိ တရားမဝင်မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတစ်ခုလုံးရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုများမှတစ်ရပ်ဖြစ်သည်ဟုလည်း ဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့သည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည် ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း(၄၀)ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း(၇)ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာသုတေသီများ တက်ရောကလျက်ရှ

အဆိုပါ ညီလာခံကို မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၇) ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာ သုတေသီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။ အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။ CoinGecko...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော ရထား​လမ်း

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးလာ​နေပြီး ကူမင်းမှသည် စင်ကာပူထိ သွားနိုင်​အောင် လုပ်မည်ဖြစ်သည်။ ပုံများမှာ လာအို  ၊ ဗီယန်ကျန်း ဘူတာရုံမှ ထွက်ပြီး လန်ဖရာဘန် ဘူတာ အဆိုက်ပုံများဖြစ်သည်။။ ဗီယန်ကျန်းမှ လန်ဖရာဗန်သို့ တစ်နာရီခွဲသာကြာမြင့်သည်။ပုံမှန်ဘတ်စ်ကားဖြင့် ၉ နာရီ၊ လေယာဉ်ဖြင့် တစ်နာရီ၊ရိုးရိုးရထားဖြင့်နှစ်နာရီခွဲသွားရသည့် ခရီးကို  အမြန်ရထားဖြင့်တစ်နာရီခွဲသာကြာသည်။ လန်ဖရာဗန်မြို့ သည် ကမ္ဘာ့လှည့်ခရီးသွားများ ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071