Saturday, June 27, 2026

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန်...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်...

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏...

တရုတ်နိုင်ငံ နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့အမျိုးသမီးအသင်း ရွှေတံဆိပ်တစ်ခုနှင့်...

တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 China International Sepaktakraw Open နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က...
HomeNewsLocal Newsတတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို...

တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံကို ဝန်ကြီးဦးသန်းဆွေ တက်ရောက်

မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည့်အကြောင်းကို ပြောကြားခဲ့

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင်ရူဇန်ကော့ဗ်၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ အောက်တိုဘာ ၂၈ ရက်နှင့် ယနေ့ အောက်တိုဘာ ၂၉ ရက်တို့ကကျင်းပလျက်ရှိသည့် တတိယအကြိမ် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံအားတက်ရောက်လျက်ရှိသည်။

ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ရည်မှန်းချက်များကို အ ကောင်အထည်ဖော်လျက်ရှိကာ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်လျက်ရှိသည်ဟု မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများကို ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဆက်လက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ယူရေးရှားဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပံ့ပိုးသွားရန်အဆင်သင့်ရှိကာ မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမအစီအစဉ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် အခြားဒေသတွင်း အဖွဲ့အစည်းများမှတစ်ဆင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်သည့်ကွန် ရက်ကိုတို-က်ဖျ-က်ရန် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိရာ (၂)နှစ်အတွင်း အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် နိုင်ငံပေါင်း (၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၇,၇၅၁)ဦးကိုထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ပြောသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများ၏ အ ရင်းခံသည် သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှဆင်းသက်လာခြင်းဖြစ်ကာ ရွှေတြိဂံဒေ သရှိ တရားမဝင်မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတစ်ခုလုံးရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုများမှတစ်ရပ်ဖြစ်သည်ဟုလည်း ဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့သည်။

ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ မင့်စ်နိုင်ငံတကာအဆင့်မြင့်ညီလာခံသို့ မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည် ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း(၄၀)ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း(၇)ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာသုတေသီများ တက်ရောကလျက်ရှ

အဆိုပါ ညီလာခံကို မြန်မာ၊ ဟန်ဂေရီ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဥဇဘတ်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကမ္ဘောဒီးယား၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း (၇) ခုတို့မှ ဝန်ကြီးများ၊ သံတမန်များနှင့် နိုင်ငံတကာ သုတေသီများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို (၄-၁) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် (၃၂)သင်းအဆင့် တက်ရောက်

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် (၃၂)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ဘော့စတွန်အားကစားကွင်းတွင် ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဒမ်ဘီလီက ပွဲချိန် ၇ မိနစ်၊ မိနစ် ၂၀ နှင့် ၃၂ မိနစ်တို့တွင် သွင်းဂိုးများသွင်းယူကာ ပထမပိုင်းအတွင်း ဟက်ထရစ်ရယူနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏...

အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေး စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းအတွင်း ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျ-က်သိမ်းရေးနှင့် လေလံတင်ရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဌာနပိုင်အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ ဖျ-က်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာဌာနများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်း ထုတ်ပြန်

ယူရီးယားတစ်အိတ် ကျပ် ၁၂၀,၀၀၀ သတ်မှတ် တောင်သူများ အဓိကအသုံးပြုနေသည့် ယူရီးယားနှင့် DAP မြေဩဇာများအတွက် ရန်ကုန်အထိုင် ရည်ညွှန်းလက္ကားဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ၃၀ ရက်အထိ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုဂရမ်တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဖြင့်လည်းကောင်း၊ Di-Ammonium Phosphate (DAP) အခြေခံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071