တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်၏ ယနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
