Friday, July 31, 2026

“Digital First, Digital Trust...

ရန်ကုန်၊ ဇူလိုင် ၃၁ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital...

ပြည်တွင်းစားသုံးဆီဖူလုံရေး အရှိန်မြှင့်မည်၊ ဆီထွက်သီးနှံ အထူးဇုန်...

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်တွင်းစားသုံးဆီဖူလုံရေး ရရှိစေရန် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အခြေခံသည့် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု...

၂၀၂၇ ခုနှစ်တွင် လစ်လပ်မဲဆန္ဒနယ် ၁၇၂...

နေပြည်တော်၊ ဇူလိုင် ၃၁ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅...

လေးမျက်နှာ၊ ဇူလိုင်-၃၁ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံလာမှုကြောင့် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၄ ရွာမှ ဒေသခံများကို...
HomeNewsLocal Newsတည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော်...

တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် အစိုးရ၏ အမျိုးသားမူဝါဒများ ချမှတ်ဖော်ဆောင်မည်

နိုင်ငံတော်အစိုးရသည် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို အဓိကဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးတို့အတွက် အောက်ပါမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။

နိုင်ငံတော်အစိုးရ၏ အဓိကမူဝါဒများ

၁။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးမူဝါဒ
လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများနှင့် ခိုင်မာသည့် လွှတ်တော်စနစ်တို့မှတစ်ဆင့် ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကို တည်ဆောက်သွားမည်။

၂။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးမူဝါဒ
တိုင်းရင်းသားပြည်သူအားလုံး၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားစည်းလုံးညီညွတ်မှုတို့ကို အခြေခံ၍ စည်းလုံးညီညွတ်သော ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားမည်။

၃။ ထာဝရငြိမ်းချမ်းရေးမူဝါဒ
နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနှင့် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် ဖြေရှင်းသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ထားမည်။

၄။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်နိုင်သည့် ခေတ်မီတပ်မတော်နှင့် စွမ်းရည်ပြည့်ဝသော လုံခြုံရေးအဖွဲ့အစည်းများကို တည်ဆောက်သွားမည်။

၅။ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ
နိုင်ငံအချင်းချင်း အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေးကို ဖော်ဆောင်သွားမည်။

၆။ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ
မြေ၊ မျိုး၊ ရေ၊ နည်းပညာနှင့် သွင်းအားစုများ ပြည့်စုံစွာရရှိရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့ကို ဦးစားပေးဆောင်ရွက်မည်။

၇။ မွေးမြူရေးနှင့် ရေထွက်ကုန်ဖွံ့ဖြိုးရေးမူဝါဒ
ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ကျေးလက်မိသားစုဝင်ငွေတိုးပွားရေးနှင့် တန်ဖိုးမြှင့်မွေးမြူရေးထုတ်ကုန်များ ပြည်ပတင်ပို့နိုင်ရေးကို မြှင့်တင်သွားမည်။

၈။ သွင်းကုန်အစားထိုးနှင့် ပို့ကုန်မြှင့်တင်ရေးမူဝါဒ
စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်။

၉။ MSME နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးမူဝါဒ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီး၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားများ ရရှိစေရေး အားပေးကူညီသွားမည်။

၁၀။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမူဝါဒ
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေခြင်း၊ မူဝါဒတည်ငြိမ်မှုရှိစေခြင်းနှင့် အစိုးရ-ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့ ဆောင်ရွက်မည်။

၁၁။ ကုန်ဈေးနှုန်းနှင့် ငွေကြေးတည်ငြိမ်ရေးမူဝါဒ
ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ သွင်းကုန်မှီခိုမှု လျှော့ချခြင်းနှင့် ငွေကြေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ခြင်းဖြင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းသွားမည်။

၁၂။ စက်သုံးဆီချွေတာရေး အမျိုးသားမူဝါဒ
စက်သုံးဆီအပေါ် မှီခိုမှုလျှော့ချပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဘက်ထရီလျှပ်စစ်ရထားနှင့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များ အသုံးပြုမှုကို အားပေးမြှင့်တင်သွားမည်။

၁၃။ ဘက်စုံပို့ဆောင်ဆက်သွယ်ရေးမူဝါဒ
ကုန်းလမ်း၊ ရထားလမ်း၊ ရေကြောင်းလမ်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများကို ဟန်ချက်ညီညီအဆင့်မြှင့်တင်၍ ပြည်သူများ သွားလာရာတွင် လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှုနှင့် စိတ်ချမ်းမြေ့မှုရှိစေရေး ဆောင်ရွက်မည်။

၁၄။ စွမ်းအင်ဖူလုံရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မူဝါဒ
ပြည်တွင်းစွမ်းအင်အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် အခြားသန့်ရှင်းသောစွမ်းအင်များကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်။

၁၅။ လူသားအရင်းအမြစ်နှင့် ပညာရေးဖွံ့ဖြိုးရေးမူဝါဒ
နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာနှင့် နည်းပညာသက်မွေးပညာရေးတို့ကို မြှင့်တင်သွားမည်။

၁၆။ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုမူဝါဒ
ပြည်သူအားလုံး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီရရှိစေရန် ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြှင့်တင်သွားမည်။

၁၇။ အလုပ်အကိုင်ဖန်တီးရေးနှင့် လုပ်သားအရင်းအမြစ်ဖွံ့ဖြိုးရေးမူဝါဒ
ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပြီး လူငယ်များကို နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးကာ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပါဝင်နိုင်ရေး အားပေးမည်။

၁၈။ ဒေသတွင်းကုန်သွယ်မှုဗဟိုချက် ဖော်ဆောင်ရေးမူဝါဒ
မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို အသုံးချ၍ ဒေသတွင်းနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးတံတားအဖြစ် ဖော်ဆောင်သွားမည်။

၁၉။ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ
သစ်တောနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းများ တည်ဆောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်မည်။

၂၀။ ရေအရင်းအမြစ်နှင့် သယံဇာတစီမံခန့်ခွဲရေးမူဝါဒ
ရေနှင့် သဘာဝသယံဇာတအရင်းအမြစ်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် စနစ်တကျထုတ်ယူ၊ အသုံးချ၊ ထိန်းသိမ်းသွားမည်။

၂၁။ စနစ်ကျသည့် မြို့ပြဖွံ့ဖြိုးရေးမူဝါဒ
ရေ၊ မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးနှင့် သန့်ရှင်းသာယာရေးတို့ ပြည့်စုံသည့် ခေတ်မီမြို့ပြများကို စနစ်တကျ ဖော်ဆောင်သွားမည်။

၂၂။ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေအနှစ်ထိန်းသိမ်းရေးမူဝါဒ
မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အမျိုးသားအမွေအနှစ်၊ စာပေနှင့် အနုပညာတို့ကို နိုင်ငံတော်၏ Soft Power အဖြစ် ထိန်းသိမ်းမြှင့်တင်သွားမည်။

၂၃။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမူဝါဒ
သဘာဝ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းလျက် ရေရှည်တည်တံ့ပြီး အရည်အသွေးမြင့်သော ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေမည်။

၂၄။ တရားဥပဒေစိုးမိုးရေးမူဝါဒ
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးတန်းတူရှိရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်မည်။

၂၅။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုမူဝါဒ
အစိုးရအဖွဲ့အစည်းအဆင့်ဆင့်တွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အဂတိကင်းရှင်းမှုတို့ကို အခြေခံသည့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်မည်။

၂၆။ အွန်လိုင်းရာဇဝတ်မှုတိုက်ဖျက်ရေးမူဝါဒ
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ကြီးလေးသော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအဖြစ် သတ်မှတ်၍ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းကာ ပြတ်ပြတ်သားသား တားဆီးနှိမ်နင်းသွားမည်။

၂၇။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမျိုးသားမူဝါဒ
မူးယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်အဖြစ် သတ်မှတ်၍ ထုတ်လုပ်မှု၊ သယ်ဆောင်မှုနှင့် တရားမဝင်ရောင်းဝယ်မှုတို့ကို နိုင်ငံတစ်ဝန်း စဉ်ဆက်မပြတ် ဖော်ထုတ်တားဆီးနှိမ်နင်းသွားမည်။

၂၈။ ပြည်သူ့လူမှုစီးပွားဘဝ မြှင့်တင်ရေးမူဝါဒ
ပြည်သူများ ကြုံတွေ့နေရသည့် စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်လိုအပ်ချက်များကို လျှော့ချပေးပြီး နိုင်ငံနှင့်ကိုက်ညီသည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်သွားမည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“Digital First, Digital Trust to AI Smart” ခေါင်းစဉ်ဖြင့် MICT Park ၌ AI နည်းပညာဆိုင်ရာ Panel Discussion ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၃၁ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က Video Message မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယနေ့ခေတ်သည် နည်းပညာသမိုင်းတွင်...

ပြည်တွင်းစားသုံးဆီဖူလုံရေး အရှိန်မြှင့်မည်၊ ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခုဖြင့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့ရေး ဦးတည်ဆောင်ရွက်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်တွင်းစားသုံးဆီဖူလုံရေး ရရှိစေရန် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အခြေခံသည့် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု သတ်မှတ်၍ တစ်ဧကအထွက်နှုန်း မြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ပြောကြားသည်။ နိုင်ငံတွင် မတူညီသည့် ရာသီဥတုနှင့် ဒေသအလိုက် ဆီထွက်သီးနှံများကို တစ်နှစ်ပတ်လုံး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်း၊ မြေပဲ၊ နှမ်း၊...

၂၀၂၇ ခုနှစ်တွင် လစ်လပ်မဲဆန္ဒနယ် ၁၇၂ နေရာအတွက် မြို့နယ် ၁၀၂ မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

နေပြည်တော်၊ ဇူလိုင် ၃၁ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် သမ္မတက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071