Friday, July 31, 2026

“Digital First, Digital Trust...

ရန်ကုန်၊ ဇူလိုင် ၃၁ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital...

ပြည်တွင်းစားသုံးဆီဖူလုံရေး အရှိန်မြှင့်မည်၊ ဆီထွက်သီးနှံ အထူးဇုန်...

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်တွင်းစားသုံးဆီဖူလုံရေး ရရှိစေရန် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အခြေခံသည့် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု...

၂၀၂၇ ခုနှစ်တွင် လစ်လပ်မဲဆန္ဒနယ် ၁၇၂...

နေပြည်တော်၊ ဇူလိုင် ၃၁ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇...

တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက်...

နိုင်ငံတော်အစိုးရသည် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” တို့ကို အဓိကဦးစားပေးရည်မှန်းချက်များအဖြစ် ချမှတ်ထားပြီး ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူများ၏...
HomeNewsLocal Newsငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက်...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၄ ရွာရှိ ဒေသခံများကို အရေးပေါ်ရွှေ့ပြောင်း

လေးမျက်နှာ၊ ဇူလိုင်-၃၁

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံလာမှုကြောင့် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၄ ရွာမှ ဒေသခံများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းထားရကြောင်းဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

အရေးပေါ်ရွှေ့ပြောင်းနေရသည့် နေရာများမှာ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေးရွာ၊ ကျွန်းတဲကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာတို့ဖြစ်ပြီး အဆိုပါနေရာများရှိ အိမ်ထောင်စုများကို ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်ကာ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငဝန်မြစ်ရေကာတာမှာ ဇူလိုင် ၃၀ ရက်ကတည်းက တာနိမ့်ကျလာသဖြင့် ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တုတ်ရိုက်ခြင်း၊ ကျောက်ချခြင်းနှင့် သဲအိတ်များဖြင့် အားဖြည့်ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း ဇူလိုင် ၃၀ ရက် ည ၁၁ နာရီဝန်းကျင်တွင် အလျားပေ ၅၀ ခန့် ကျိုးပေါက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ရေဘေးသင့်ဒေသများရှိ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် ကယ်ဆယ်ရေးနှင့် ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှု အခြေအနေကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စောင့်ကြည့်နေကြောင်း သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“Digital First, Digital Trust to AI Smart” ခေါင်းစဉ်ဖြင့် MICT Park ၌ AI နည်းပညာဆိုင်ရာ Panel Discussion ကျင်းပ

ရန်ကုန်၊ ဇူလိုင် ၃၁ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဦးစီးကျင်းပသည့် AI နည်းပညာဆိုင်ရာ Panel Discussion ကို "Digital First, Digital Trust to AI Smart" ခေါင်းစဉ်ဖြင့် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က Video Message မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယနေ့ခေတ်သည် နည်းပညာသမိုင်းတွင်...

ပြည်တွင်းစားသုံးဆီဖူလုံရေး အရှိန်မြှင့်မည်၊ ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခုဖြင့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်တင်ပို့ရေး ဦးတည်ဆောင်ရွက်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်တွင်းစားသုံးဆီဖူလုံရေး ရရှိစေရန် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အခြေခံသည့် ဆီထွက်သီးနှံ အထူးဇုန် (၁၂) ခု သတ်မှတ်၍ တစ်ဧကအထွက်နှုန်း မြှင့်တင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ပြောကြားသည်။ နိုင်ငံတွင် မတူညီသည့် ရာသီဥတုနှင့် ဒေသအလိုက် ဆီထွက်သီးနှံများကို တစ်နှစ်ပတ်လုံး စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်း၊ မြေပဲ၊ နှမ်း၊...

၂၀၂၇ ခုနှစ်တွင် လစ်လပ်မဲဆန္ဒနယ် ၁၇၂ နေရာအတွက် မြို့နယ် ၁၀၂ မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

နေပြည်တော်၊ ဇူလိုင် ၃၁ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် သမ္မတက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071