Friday, June 12, 2026

ပြည်တွင်းစက်သုံးဆီဈေးများ တစ်လီတာ ကျပ် ၄၀၀၀...

နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်း စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၈)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီရော ဒီဇယ်ပါ တစ်လီတာ...

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN...

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား...

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏...

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...
HomeNewsLocal Newsတညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို...

တညင်းကုန်းဈေးရှိ ဈေးရုံ(၇) ကို စက်တင်ဘာ (၁) ရက်တွင် ဖွင့်လှစ်မည်

တညင်းကုန်းဈေး (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဈေးရုံ (၇) ကို စက်တင်ဘာ (၁) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဈေးရုံအတွင်း၏ ဆိုင်ခန်းလျှောက်လွှာများကို အထူးအရိုမိုးရှင်းအဖြစ် တညင်းကုန်းဈေး၏ (၁၀) နှစ်ပြည့် ပျော်ပွဲရွှင်ပွဲရက်များဖြစ်သည့် ဇူလိုင် (၄)ရက် ၊ (၅)ရက်နှင့် (၆) ရက်များတွင် အခမဲ့ထုတ်ပေးခဲ့သလို အယောက် (၅၀၀) ကျော် လာရောက် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဆိုင်ခန်းတွေကို အခမဲ့လျှောက်လွှာတင်ပြီး အခမဲ့ရောင်းချခွင့်ပေးတာပါ။ ဒီပရိုမိုးရှင်းရက်ကို မမီလိုက်တဲ့သူတွေအနေနဲ့လည်း ရုံးချိန်အတွင်း မနက် (၉)နာရီကနေ ညနေ (၅)နာရီအထိ ဈေးစီမံခန့်ခွဲရေးရုံး၊ B 12 ပထမထပ်ကို လာရောက်ဆက်သွယ်ပြီးတော့လည်း လျှောက်လွှာတွေ မေးမြန်းစုံစမ်းပြီး တင်လို့ရပါတယ်” ဟုမြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)၏ အထွေထွေမန်နေဂျာ ဦးရဲထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မကြာမီ ဖွင့်လှစ်မည့် ဈေးရုံ (၇) တွင် လူသုံးကုန်ပစ္စည်းများ၊ လွယ်လင့်တကူ စားသောက်နိုင်သည့် အစားအသောက်များ၊ ရေသန့်၊ အအေးနှင့် ကော်ဖီမစ်မျိုးမျိုး၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်မျိုးစုံစသဖြင့် Food & Snack ဆိုင်ခန်းများ၊ ဆေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ၊ အလှကုန်ပစ္စည်းဆိုင်များနှင့် ကလေးပစ္စည်းရောင်းချသည့်ဆိုင်များ၊ မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် လျှပ်စစ်ပစ္စည်းဆိုင်များ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်းမြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးရုံကြီးစီမံကိန်းကို မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX)က ၂၀၁၅ ခုနှစ်ကစပြီး စီမံခန့်ခွဲလုပ်ဆောင်လာခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းစက်သုံးဆီဈေးများ တစ်လီတာ ကျပ် ၄၀၀၀ အောက် ကျဆင်းလာ

နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်း စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၈)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီရော ဒီဇယ်ပါ တစ်လီတာ ကျပ် ၄၀၀၀ အောက် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်းသွားခြင်းဖြစ်သည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇွန် ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –ဓာတ်ဆီ 92 Ron:...

မန္တလေးသား ရိုးရာဖိုက်တာကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

လာမည့် ဇွန်(၁၂)ရက်ညပိုင်း၌ ONE Friday Fights-158 ပွဲစဉ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ SLATAN တို့၏ ယှဉ် ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးထားသည်။ အဆိုပါပွဲစဉ်တွင် အားကောင်းသည့် လက်သီးချက်များ ပိုင်ဆိုင်ထားသည့် ကျော်စွာဝင်း၏အောက်၌ ထိုင်းဖိုက်တာ SLATAN အလဲထိုးခံရမလားဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ ONE Championship ပြိုင်ပွဲ၏ ရလဒ်မှတ်တမ်း (Record) များအရ ကျော်စွာဝင်းသည် (၂) ပွဲထိုး၊ (၁) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ် ထွက်ပေါ်ထားပြီး၊...

ယူရီးယားနှင့် DAP မြေဩဇာ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုလျက်ရှိသော မြေဩဇာများ၏ ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၄၀,၀၀၀ ဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်မှ ဇွန် ၃၀ ရက်အထိ ရောင်းချရန် သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် DI Ammonium Phosphate (DAP)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071