Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeNewsLocal Newsတစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်...

တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၆၀ ကျော် တွေ့ရှိခဲ့ပြီးနောက် ပြည်သူများ ကာကွယ်ဆေးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

ဇူလိုင်လ ၅ ရက် တစ်ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၆၀ ကျော် တွေ့ရှိခဲ့ပြီးနောက် ပြည်သူများ အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ ကာကွယ်ဆေးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၆ ရက်(ယနေ့)တွင် တိုက်တွန်းပြောကြားထားသည်။

ဇူလိုင်လ ၄ ရက်မှ ၅ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၂၂၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၆၁ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့နှုန်းမှာ ၀ ဒသမ ၉၈ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။

ဇူလိုင်လအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအခြေအနေအရ ဇူလိုင်လ ၁ ရက်တွင် ၃၁ ဦး၊ ဇူလိုင်လ ၂ ရက်တွင် ၂၂ ဦး၊ ဇူလိုင်လ ၃ ရက်တွင် ၂၀ ဦး၊ ဇူလိုင်လ ၄ ရက်တွင် ၃၆ ဦး တွေ့ရှိခဲ့ပြီး ရက်အလိုက်ပိုးတွေ့နှုန်းမှာ တစ်ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာသစ် တွေ့ရှိမှု အနည်းငယ်တိုးလာခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုတို့ကို လျော့နည်းစေနိုင်ခြင်း (အထူးသဖြင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် သက်ကြီးရွယ်အိုများ)၊ ရောဂါ၏ နောက်ဆက်တွဲ ပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးမှုမှ အသက်အန္တရာယ်ဆုံးရှုံးမှုဖြစ်သည်အထိ ဖြစ်ပေါ်ခြင်းမှ လျှော့ချနိုင်ခြင်းတို့ကြောင့် အသက် ငါးနှစ်နှင့်အထက်ရှိသော ပြည်သူများအားလုံး ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး) များကို မဖြစ်မနေ သွားရောက်ထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အာရှနိုင်ငံအချို့တွင် COVID-19 န၀မလှိုင်း စတင်ဖြစ်ပွားမှုများရှိ၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများ မြှင့်တင်ဆောင်ရွက်ရန် ဇွန်လ ဒုတိယပတ်အတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ သတိပေးပြောကြားထားသည်။

လက်ရှိ ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု န၀မလှိုင်း စတင်ဖြစ်ပွားမှုများရှိနေ၍ ကာကွယ်ဆေးထိုးနှံမှုများနှင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို မြှင့်တင်ဆောင်ရွက်ရန် ဂျပန်နိုင်ငံအစိုးရက လုပ်ဆောင်လျက်ရှိကြောင်းနှင့် ရောဂါကူးစက်ခံရသူအရေအတွက်သည် ဂျပန်နိုင်ငံအနှံ့ တဖြည်းဖြည်း မြင့်မားလာခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံအချို့တွင် ရောဂါကူးစက်မှုလှိုင်းသစ်များ စတင်ဖြစ်ပွားနေ၍ စမ်းသပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း အပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်းများကို တိုးမြှင့်လုပ်ဆောင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071