Saturday, May 9, 2026

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို...

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည်...

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...
HomeNewsFootballတစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်အပေါ်...

တစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်အပေါ် နောက်ပိုင်းတွင် ယှဥ်ပြိုင်ခွင့်ရလိုသေးကြောင်း အိန္ဒိယအမျိုးသမီးနည်းပြချုပ် ပြော

ယခု ဇူလိုင်(၉)ရက်နှင့် (၁၂)ရက်နေ့တို့တွင် အိန္ဒိယ -မြန်မာ လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲစဥ် ယှဉ်ပြိုင်မှုအပြီး တစ်ပွဲရှုံး တစ်ပွဲသရေ ရလဒ်ရရှိခဲ့ရာ နောက်ပိုင်းတွင် ယှဥ်ပြိုင်ခွင့်ရလိုသေးကြောင်း အိန္ဒိယအမျိုးသမီးနည်းပြချုပ်
လန်ဂန်ချော်ဘာဒေဝီ က ပြောကြားခဲ့သည်။

ယမန်နေ့က နှစ်ကျော့မြောက်ခြေစမ်းပွဲစဉ် ယှဉ်ပြိုင်မှုအပြီး ပထမအကျော့တွင် မြန်မာအသင်းက(၂)ဂိုး(၁)ဂိုးဖြင့်အနိုင်ရရှိကာ ဒုတိယအကျော့တွင် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကျော့ ပွဲစဉ်အပြီး အိန္ဒိယ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် လန်ဂန်ချော်ဘာဒေဝီ က ” ပထမဆုံး အနေနဲ့ ကိုယ့်ထက် ကမ္ဘာ့အဆင့်မြင့်တဲ့ မြန်မာအသင်းက ကျွန်မတို့ကို အခုလိုဖိတ်ကြားပြီး ခြေစမ်းပွဲ နှစ်ပွဲကစားပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ပထမပွဲမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး ကျွန်မတို့ သေချာပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်မတို့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။ အထူးသဖြင့် ပွဲချိန်ပထမပိုင်းကို ကျွန်မတို့ စိုးမိုးထားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ နှစ်သင်းစလုံးက တိုးတက်လာတဲ့ အသင်းတွေဖြစ်ပြီးတော့ နောက်လည်း အခုလို တွေ့ဆုံခွင့်ရပြီး အကောင်းဆုံး ကစားချင်ပါသေးတယ်။”ဟု ဆိုသည်။

ယမန်နေ့ ဒုတိယအကျော့ပွဲ့စဉ်တွင် မြန်မာအသင်းအနေဖြင့် ရာသီဥတု အခြေအနေကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ဒုတိယပိုင်းပွဲချိန်အပြီး မှာကြားထားသည့်အတိုင်း ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် အခွင့်အရေးကောင်းများရရှိခဲ့ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ယူကီတက်ဆူရို ကပြောကြားထားသည်။

” ပွဲပြီးကာနီးမှာ ဂိုးသွင်းခွင့်တွေ အများကြီး ရခဲ့ပါတယ်။တစ်ဂိုးစီ သရေကျခဲ့တာက အကောင်းဆုံး ရလဒ်မဟုတ်ခဲ့ပေမဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာတော့ ကျေနပ်မိပါတယ်။”ဟု ၎င်းက ပြောကြားသည်။

ယမန်နေ့ ကစားခဲ့သည့်ပွဲစဉ်၌ ပထမပိုင်းတွင် ဂိုးမရရှိကြဘဲ၊ ဒုတိယပိုင်း ပွဲချိန်တွင် ဝင်းသိင်္ဂီထွန်းက (၁)ဂိုး၊ အိန္ဒိယအသင်းဘက်မှ Pyari XaXa က(၁)ဂိုး ရှေ့ဆင့်နောက်ဆင့်အသီးသီး သွင်းယူခဲ့ကြခြင်းလည်းဖြစ်သည်။

မြန်မာ့လက်‌ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများအပြင် ပြည်ပနိုင်ငံများသို့လည်း လေ့ကျင့်‌ရေး ခြေစမ်းခရီးစဉ်များသွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ပုံစာ-အိန္ဒိယ -မြန်မာ ဒုတိယအကျော့ ယှဉ်ပြိုင်နေကြသည့် ပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့် ယနေ့ကမ္ဘာ့စျေးကွက်

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည် ပုဂံခေတ်ကတည်းကပင် ထင်ရှားခဲ့ပြီး မင်းအဆက်ဆက် တန်ဖိုးထား ဝတ်ဆင်ခဲ့ကြသော ရတနာဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ရရှိခဲ့သော "ပတ္တမြား ငမောက်" မှာ ကမ္ဘာကျော်ခဲ့ပြီး ယနေ့တိုင် သမိုင်းတွင်နေသည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။ မြန်မာ့ပတ္တမြားကို ကမ္ဘာက အသိ အမှတ်ပြုရသည့် အဓိကအချက်မှာ ခို​သွေး (Pigeon's Blood) ဟုခေါ်သော အနီရောင်ရင့်ရင့် အရည်အသွေးကြောင့်ဖြစ်သည်။ ဤအရောင်မျိုးသည် ကမ္ဘာပေါ်တွင်...

ထိုင်းနိုင်ငံတွင် ဥပဒေမဲ့နှိပ်စက်ခံခဲ့ရသည့် မြန်မာစ ကားပြန်လူငယ်ကို မြန်မာသံအမတ်ကြီးတွေ့ဆုံအား ပေး တရားမျှတမှုနှင့် နစ်နာကြေးရရှိရန်ကူညီ

​ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသားပိုင်ရှင်များ၏ ဥပဒေမဲ့ညှင်းပန်းနှိပ်စက်မှုခံခဲ့ရသည့် မြန်မာစကားပြန်လူငယ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးကတွေ့ ဆုံ၍ တရားမျှတမှုရရှိရေးအတွက်အပြည့်အဝကူညီသွားမည်ဟု ပြောကြားခဲ့သည်။ ချွန်ပူရီခရိုင်တွင် စကားပြန်အဖြစ်လုပ်ကိုင်နေသော ကိုသားသား(၂၇)နှစ်သည် ကုမ္ပဏီပိုင်ရှင်နိုင်ငံခြားသားများ၏ လူမဆန်စွာနှိပ်စက်မှုကိုခံခဲ့ရသဖြင့် မေ ၈ ရက်နံနက်ပိုင်းတွင် မြန်မာသံအမတ်ကြီးက ကိုသားသားကိိုတွေ့ဆုံပြီး နှိပ်စက်ခံရသည့် အသေးစိတ်အခြေအနေများနှင့် အမှုဖွင့်ဆောင်ရွက်ထားရှိမှုများကိုမေးမြန်းကာ အားပေးစကားပြောကြားပြီး သံရုံးဝန်ထမ်းမိသားစုများ ၏ ထောက်ပံ့ငွေများကိုပေးအပ်ခဲ့သည်။ မြန်မာသံအမတ်ကြီးက ဖြစ်စဉ်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေနှင့်အညီ မှန်ကန်သည့်တရားစီရင်မှုဖြစ်ပေါ်စေရေး၊ ဥပဒေမဲ့ကျူးလွန်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များရရှိစေရေး၊ ထိခိုက်ခံစားခဲ့ရသည့် မြန်မာစကားပြန်အတွက် ထိုက်သင့်သည့် နစ်နာ ကြေးများအပြည့်အဝရရှိစေရေးတို့ကို ဗန်ကောက်မြို့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071