ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါ အတည်ပြုလူနာအသစ် (၃၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခုထိ ပြင်းထန်လူနာ အထူးကြပ်မတ် ကုသမှုပေးရသည်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ေ-သဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။
ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါးကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ ဆီးချိုရောဂါ နာတာရှည်အဆုတ်ရောဂါ ကင်ဆာရောဂါရှိသူများ ကိုယ်ဝန်ဆောင်မိခင်များကို ဦးစားပေးအစီအစဥ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
