အမှတ် (၁)ရေနံချက် စက်ရုံ(သန်လျင်) ၌ တစ်နှစ်လျှင် ရေနံ စိမ်းတန်ချိန် (၅)သိန်း ချက်လုပ်နိုင်သော Modular Type စ က်ရုံကို ယခုနှစ်အတွင်း လည်ပတ်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်နေကြောင်း သိရသည်။
လက်တလော၌ လိုအပ်ချက်များ ဖြစ်သည့် စက်ပစ္စည်းများထုတ်လုပ်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်းဖြန့်ဖြူးပေးမည့် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ (၁၀) ရာခိုင်နှုန်း ပြီးစီပြီဖြစ်သည်ဟု သိရသည်။
ထိုနည်းတူ စက်ရုံအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရန် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းလည်း (၉၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြေပြင်စက်ရုံတည်ဆောက်နေမှု လုပ်ငန်းအခြေအနေတွင်လည်း (၂၅) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေကာ သတ်မှ တ်ထားသည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လည်ပတ်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စက်သုံးဆီလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် တန်ချိန် (၅)သိန်း ချက်လုပ်နိုင်သော Modular Type စက်ရုံ စီမံကိန်းပြီးစီးပါက ဒုတိယအဆင့်အနေဖြင့် (၁)နှစ်လျှင် ရေနံစိမ်းတန်ချိန် (၃)သန်းချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံ အသစ်ကို ၂၀၂၈ ခုနှစ်အတွင်း တည်ဆောက်ပြီးစီးရန် လျာထားဆောင်ရွက်နေကြောင်းလည်း သိရသည်။
