Thursday, June 25, 2026

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...
HomeCelebrities' Newsတစ်ယောက်ချင်းစီတိုင်းက အမှိုက်တွေကိုစနစ်တကျ ...

တစ်ယောက်ချင်းစီတိုင်းက အမှိုက်တွေကိုစနစ်တကျ စွန့်ပစ်လာကြမယ် ဆိုရင် အမှိုက် ကင်းစင်တဲ့ တိုင်းပြည် ဖြစ်လာ ပါလိမ့်မယ် သွန်းဆက်

MIN_5966မြန်မာနိုင်ငံမှာ အမှိုက်စွန့် ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်လာရင် စနစ်တကျ စွန့် ပစ်ခြင်းကို လိုက်နာမှု အား နည်းနေသေးတာ ကို ရန်ကုန်မြို့ အပါအဝင် တခြား တိုင်းနဲ့ ပြည်နယ် တွေရဲ့လမ်းမထက်တွေ ပေါ်က အမှိုက် သရိုက်တွေက သက်သေပြ လျက်ရှိနေပါသေးတယ်။ ကွင်းပြင် ထဲမှာကျင်းပတဲ့ အခမ်းအနားတွေ ပြုလုပ် ပြီးစီးသွားတဲ့ အခါတွေတိုင်း မှာလည်း ပွဲခင်းထဲမှာ အမှိုက် သရိုက်တွေ များစွာ စွန့်ပစ် ကျန်ရှိနေ ခဲ့တတ်သလို ပြီးခဲ့တဲ့ မြန်မာနှစ်သစ် ကူးအတာ သင်္ကြန်ကာလ အတွင်းမှာ လည်း အမှိုက်တွေ ဟာ လမ်းမတွေ ပေါ်မှာ တင်ကျန် ရစ်ခဲ့နေတာကို အထင်းသားမြင် တွေ့နိုင်ပါတယ်။ နာမည်ကျော် သရုပ်ဆောင် တစ်ဦး ဖြစ်သူ သွန်းဆက်တော့ အမှိုက် ကိစ္စဟာ လူတစ်ဦး တစ်ယောက် ချင်းစီရဲ့ အသိစိတ်ဓာတ်တွေနဲ့သာ သက်ဆိုင်နေတယ် လို့မှတ်ချက်ပြု ဆိုပေးပါ တယ်။ အဲ့ဒါကြောင့်လည်း သွန်းဆက်ကို အမှိုက် ကိစ္စနဲ့ ပတ်သက်ပြီး သူနေထိုင်ပြုမှုဖြစ်တဲ့ အကြောင်းတွေ ကို မေးမြန်းဖော်ပြ ပေးလိုက်ပါတယ်။

အမှိုက်ကိစ္စ

အမှိုက် ကိစ္စနဲ့ ပတ်သက်လာရင် တိုင်းတစ်ပါးသားတွေ က ပြောကြတာ များတယ်။ မြန်မာနိုင်ငံကို ကြည့် လိုက်ရင် အမှိုက်တွေ ချည်းပဲတဲ့။ နိုင်ငံခြားမှာ ဆိုရင် အမှိုက် မရှိဘူးတဲ့။ သူတို့ဆီမှာကတော့ တစ်ယောက်ချင်း စီတိုင်းက သူတို့အသိ စိတ်ဓာတ်နဲ့ သူတို့ ရှင်း သွားကြတာလေ။ သွန်း ဆက် နိုင်ငံခြားသွားတဲ့ အခါတိုင်း သတိထားမိတာ တစ်ခုက အမှိုက်နဲ့ ပတ်သက်လာရင် သူတို့မှာ စွန့်ပစ် ကျွတ်ကျွတ်အိတ် လေးတွေ ပါလာ တာတွေ့တယ်။ အမှိုက်ပုံးနဲ့ ဝေးနေ တဲ့ အခါတွေမှာ သူတို့ စားပြီးခဲ့တဲ့ ပစ္စည်းတွေကို ထည့်တယ်။ ပြီးတော့ အမှိုက်ပုံးရှိတဲ့ နေရာရောက် မှ စနစ်တကျ ပစ်ကြတာဖြစ်တယ်။

တစ်ဦးချင်းစီရဲ့ အသိစိတ်နဲ့ သက်ဆိုင်

အခု သင်္ကြန်တွင်းတုန်းက လုပ်ခဲ့တဲ့ EDM ပွဲတွေမှာ ဆိုရင် အမှိုက်တွေကို သေချာ စနစ်တကျ ရှင်းလင်းနေတာ တွေတွေ့ခဲ့ရတယ်။ အမှိုက်ကိစ္စက တစ်ယောက်ချင်းစီ တိုင်းရဲ့ အသိစိတ်တွေ နဲ့ သက်ဆိုင် ပါတယ်။ အမှိုက်အိတ် ကလေးတွေနဲ့ ထည့်ပြီး အမှိုက်ပုံး ရှိတဲ့နေရာ ရောက်မှသာ စွန့်ပစ်ကြမယ် ဆိုရင် နောက်ပိုင်းမှာ လမ်းပေါ်တွေမှာ လည်း အမှိုက်တွေ ကင်းစင် သွားမှာ ဖြစ်ပါမယ်။ ကိုယ့်နိုင်ငံ က တစ်ခြား ပြည်ပ တိုင်းပြည်တွေလို အမှိုက်တွေ သန့်ရှင်းတဲ့ တိုင်းပြည် ဖြစ်လာပါ လိမ့်မယ်။

တစ်ယောက်ချင်း စီတိုင်းက ကိုယ့်နိုင်ငံအပေါ် သိတတ်တဲ့ စိတ်နဲ့ သာ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်လာကြမယ် ဆိုရင် အမှိုက် ကင်းစင်တဲ့ တိုင်းပြည် ဖြစ်လာ ပါလိမ့်မယ်။ အရင်တုန်းက ဖေ့စ် ဘုတ်ပေါ်မှာ တက်ခဲ့တဲ့ ဓာတ်ပုံ လေးတွေ ရှိခဲ့တယ်လေ။ လမ်းပေါ် မှာ မြန်မာနိုင်ငံသား တစ်ယောက်က အမှိုက်ပစ်ချ လိုက်တာကို မြင်တဲ့ ကမ္ဘာလှည့် ခရီးသည် တစ်ဦးက အဲဒီ အမှိုက် ကို ပြေးကောက် ပြီးတော့ အမှိုက်ပုံး ထဲကို သွားပစ်ပေးတာ မျိုးတွေ ဖြစ်ခဲ့တယ်လေ။

အမှိုက်ပုံးရှိတဲ့နေရာရောက်မှသာစွန့်ပစ်သင့်

သွန်းဆက်လည်း ငယ်ငယ်တုန်း က ကျောင်းမှာ ဆိုရင် မုန့်တွေဘာ တွေ စားပြီးရင် အမှိုက်ကို ပစ်ချ လိုက်တာပဲ။ အဲဒီလို လုပ်ခဲ့ဖူးတယ်။ ဒါ့ပေမယ့် ကျောင်းက စည်းကမ်းကြီး တော့ အမှိုက်ပစ်တာ မြင်တာနဲ့ ကျောင်းတစ်ပတ်က ရှိသမျှ အမှိုက် တွေကို ကောက်ရတော့တာပဲ။ အဲ့ဒီ လိုနဲ့ သွန်းဆက်လည်း အမှိုက် တွေဘာတွေ ပစ်တဲ့ အကျင့်က ပျောက်လာခဲ့တယ်။ သွားဖြစ်တဲ့ နေရာတွေမှာ ဆိုရင်လည်း အမှိုက် စွန့်ပစ်ရမယ့် ကိစ္စရှိ နေမယ် ဆိုရင် အိတ်ကလေး အမြဲဆောင်သွားပါ တယ်။ သွန်းဆက်ရဲ့ ကားထဲမှာ ဆိုရင်လည်း အမှိုက် ပုံးသေးသေး လေးအမြဲ ထည့်ထားတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အမှိုက်ကို လမ်းပေါ် မပစ်ချကြပဲနဲ့ လမ်းသွား နေလို့ အမှိုက် စွန့်ပစ် ရမယ့် ကိစ္စ တစ်ခုခုရှိလာ လိမ့်မယ်ဆိုရင် ပလတ်စတစ်အိတ် ကလေးတွေကို ဆောင် ထားပြီးပဲ ဖြစ်ဖြစ် အဲ့ဒီ အထဲမှာ အမှိုက် ကိုထည့် ပြီးမှ အမှိုက်ပုံး ရှိတဲ့ နေရာရောက် မှာ သာ စွန့်ပစ် သင့်ပါတယ်။ အဲ့လိုလုပ်တဲ့ အခါကျတော့ ကိုယ်တွေ ကိုယ် တိုင်လည်း နိုင်ငံ ကြီးသား တစ် ယောက်စိတ်ဓာတ် လည်းဖြစ်လာတာ ပေါ့။

ထက်လူ၊
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071