Monday, June 29, 2026

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး...

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ တွန်းဇံမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု”...

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲကို...

မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံး ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများ...

မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇...

ရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ရရှိပါက...

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအဆင့်၏ လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။ ယနေ့...
HomeMoviesတင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို...

တင်းမာမှုတွေ မြင့်တက်လာတဲ့ကြားမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောအရေအတွက် ၈၀ ရာခိုင်နှုန်း ကျဆင်းသွား

အမေရိကန်နဲ့ အီရန်ကြားက ပဋိပက္ခတွေ နောက်ဆုံးအကြိမ် ထပ်မံဆိုးရွားလာတဲ့အပေါ် သင်္ဘောလိုင်းတွေက စိုးရိမ်လာကြတာကြောင့် ဒီသီတင်းပတ်ကုန်ပိုင်းမှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ ကုန်တင်သင်္ဘောတွေ နည်းသွားတယ်လို့ သင်္ဘောလမ်းကြောင်း ခြေရာခံတဲ့ ဝန်ဆောင်မှုတွေဆီက အချက်အလက်တွေကို ကိုးကားပြီး Bloomberg သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အဲဒီအချက်အလက်တွေအရ တနင်္ဂနွေနေ့က ရေလက်ကြားရဲ့ နှစ်ဖက်စလုံးကနေ ဖြတ်သန်းသွားတဲ့ သင်္ဘော ၁၂ စီးပဲ ရှိပါတယ်။ ဒါဟာ ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရတဲ့ စနေနေ့က မှတ်တမ်းတင်ထားတဲ့ အရေအတွက်ရဲ့ တစ်ဝက်တောင် မရှိပါဘူး။ အဲဒီနေ့ (စနေနေ့) တုန်းကဆိုရင် ရေလမ်းကြောင်းကို ဖြတ်သန်းသွားတဲ့ ကုန်တင်သင်္ဘော အကြိမ်ရေ ၂၈ ကြိမ် ရှိခဲ့တာပါ။

အခုလို တင်းမာမှုတွေ ထပ်မံမဖြစ်ပွားခင် ဇွန်လ ၂၄ ရက်နေ့တုန်းကတော့ ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘော ၅၈ စီးအထိ ရှိခဲ့ပါတယ်။ ဒါဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စစ်ရေးအရ စတင်လှုပ်ရှားခဲ့တဲ့ ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ အများဆုံး အရေအတွက်ပဲ ဖြစ်ပါတယ်။ သတင်းအေဂျင်စီရဲ့ အဆိုအရ ရေလက်ကြားကို ဖြတ်သန်းပြီး ကုန်စည်ပို့ဆောင်ရေးနဲ့ ပတ်သက်လို့ မကြာခင်ဖြစ်လာနိုင်တဲ့ အလားအလာတွေအပေါ် သင်္ဘောပိုင်ရှင်တွေကြားမှာ သဘောထားတွေ ကွဲလွဲနေကြပါတယ်။

ဒီရေကြောင်းလမ်းဆီ ဦးတည်လာနေတဲ့ သင်္ဘောတချို့ဆိုရင် ဖြတ်သန်းဖို့ကို တွန့်ဆုတ်နေကြပါတယ်။ သတင်းအေဂျင်စီက အင်တာဗျူးခဲ့တဲ့ သင်္ဘောပိုင်ရှင်တွေကတော့ ရေလက်ကြားကို ဖြတ်သန်းဖို့ သူတို့ရဲ့ အစီအစဉ်တွေကို လောလောဆယ် ခေတ္တဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းကတော့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ အီရန်က စစ်ရေးပစ်မှတ် အတော်များများကို အသစ်ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးဌာနက ကြေညာခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့က ကုန်တင်သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်ရတာဖြစ်တယ်လို့ ကွပ်ကဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဌာနရဲ့ အဆိုအရ ဇွန်လ ၂၇ ရက်နေ့မှာ ဒုတိယအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး၊ အဲဒီတုန်းက ပနားမားအလံတင်ထားတဲ့ ရေနံတင်သင်္ဘော M/T Kiku ကို ကာမီကာဇေ (အသေခံ) ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ အပြန်အလှန် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားဖို့နဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ဇွန်လ ၃၀ ရက်နေ့မှာ ဒိုဟာမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ Axios သတင်းထောက် Barak Ravid က သူ့ရဲ့ ကိုယ်ပိုင်သတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းထုတ်ပြန်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ၃၄၄၆ ဉီး ပညာသင်ကြားနေ

တွန်းဇံမြို့နယ်တွင် ကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသားကျောင်းသူ၃၄၄၆ ဉီးတက်ရောက်ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ တွန်းဇံမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇွန်လ ၂၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး (၁)ဦး၊ သင်ကြားရေး ဆရာ/မ(၃၀)ဦးနှင့် ပညာရေးဝန်ထမ်း (၅)ဦး၊ စုစုပေါင်းဝန်ထမ်း (၃၆)ဦးဖြင့် သင်ကြား ရေးတာဝန်များကို ထမ်းဆောင်နေပြီး ကျောင်းသား/သူ (၂၆၁)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဥ်ဖြင့် Short Video ပြိုင်ပွဲ ကျင်းပမည်

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအား ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသအသီးသီး၏ သဘာဝအလှအပများကို Short Video များမှတစ်ဆင့် ဖော်ထုတ်တင်ဆက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များအနေဖြင့် အသေးစိတ်စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများနှင့် တင်သွင်းရမည့် အချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိဌာန၏ ထုတ်ပြန်ချက်များအတိုင်း ဆက်လက်လေ့လာနိုင်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ထူးခြားသည့်...

မွန်ညီညွတ်ရေးပါတီ မော်လမြိုင်မြို့နယ်ရုံး ဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုများ စတင်ဆောင်ရွက်

မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇ ရက်မှစတင်ကာ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါရုံးသည် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ၁၉ လမ်းရှိ မွန်ညီညွတ်ရေးပါတီ (ဗဟို) ရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ပြည်သူများ၏ လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့် ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပါတီဘက်မှ ထုတ်ပြန်ထားသည်။ ထို့ပြင် မိဘပြည်သူများအနေဖြင့် မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးနှင့် တိုက်ရိုက်ဆက်သွယ်၍ အတူ တကွ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071