Sunday, April 19, 2026

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in...

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို...

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး...

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး ...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...
HomeCelebrities' Newsတင်မောင်ဆန်းမင်းဝင်း၏ ဘဝမှာမေ့မရနိုင်မယ့်ညတစ်ည

တင်မောင်ဆန်းမင်းဝင်း၏ ဘဝမှာမေ့မရနိုင်မယ့်ညတစ်ည

Thin-Mg-San-Min-Win

မီးလောင်မှုကြောင့် နေအိမ်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ တင်မောင်ဆန်းမင်းဝင်းအနေနဲ့ သူချစ်တဲ့ အနုပညာသူချစ်တဲ့ ပရိသတ်တွေရဲ့အားတွေနဲ့၊ မလျှော့သော ဇွဲလုံ့လတွေနဲ့ ရှေ့ခရီးကို ဆက်လျှောက်နေသူပါ။ သူဟာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ညမှာတောင် ဇာတ်ပွဲကို ရပ်နားခြင်းမပြုခဲ့ဘဲ ပရိသတ်တွေဆီအရောက် သွားကာ ဇာတ်ပွဲကို ပြီးစီးအောင်ကပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့အနုပညာအပေါ် ချစ်စိတ် ပရိသတ်တွေအပေါ်ထားတဲ့ တန်ဖိုး ထားစိတ်တွေပဲဖြစ်ပါတယ်။

“ဖြစ်တဲ့နေ့ကတော့ ကျွန်တော် စိတ်ဓာတ်ကို တော်တော်ကျသွားတာပါ။ ဘဝကြီးကို သဲထဲရေသွန် ကိုဖြစ်သွားသလိုဖြစ် တယ်။ ဒါပေမဲ့ ကျွန်တော်က စင်အောက်က မျက်နှာ စင်ပေါ်မှာပါမှာသိပ်ကြောက်တယ်။ ဒါကြောင့်အဲဒီ့နေ့က ပရိသတ်တွေရဲ့ ရှေ့မှာတော့ ကျွန် တော့်အနေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့က သွားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်က တကယ်ဝမ်းနည်းနေခဲ့တာပါ။ ပရိသတ်တွေရှေ့မှာ ဟန်သာဆောင်နေရတာပါ။ အဲဒီ့နေ့ က ဖျော်ဖြေရေးကတော့ ကျွန်တော့်ဘဝအတွက် မှတ်တိုင် တစ်ခုပါပဲ။ တကယ့်ကိုမေ့မရတဲ့ဖြစ်ရပ်ပါပဲ”လို့ တင်မောင် ဆန်းမင်းဝင်းက အဲဒီ့ညကအဖြစ်ကို ပြန်ပြောင်းပြော ပြပါတယ်။

မီးလောင်မှုမှာ ပါသွားခဲ့တဲ့နေအိမ်က တင်မောင်ဆန်းမင်း ဝင်းနဲ့မအေးမမလှိုင်တို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ဇာတ်ကရင်းရရှိတဲ့ ငွေကြေးတွေနဲ့ ဝယ်ယူခဲ့တဲ့အိမ်လည်းဖြစ်တဲ့အတွက် သူတို့ အတွက်ပိုလို့ နှမြောဖို့ကောင်းနေရခြင်းပါပဲ။

“အစ်ကိုတို့ရဲ့ချွေးနှဲစာပါ။ ဇာတ်ကပြီး ဒီအိမ်ကိုဝယ်ထားတာ ဖြစ်တဲ့အတွက် အဲဒီ့အိမ်ကိုပြန်ဆောက်ဖို့အတွက်က ဇာတ်ပြန် ကမှရမှာလေ။ ဇာတ်ပြန်ကတော့လည်း ပြီးပြီးရော ပြန်ကလို့ မရဘူး။ လုပ်ငန်း အပေါ်မှာအားစိုက်မှ ဇာတ်ကတိုးတက်မှာလေ။တိုးတက်မှ ငွေရမယ်။ ငွေရမှ ဒီအိမ်ကိုပြန်ဆောက်လို့ရမှာ။ အခုတော့ အိမ်ပြန်ဆောက်ဖို့ ပါမစ်က ပြန်ကျပါပြီ။ အဲဒီ့အတွက် လည်း ကျွန်တော့်အနေနဲ့အလုပ်ကို ဖိလုပ်နေပါတယ်”လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ တင်မောင်ဆန်မင်းဝင်းက မျှော်စင်ကျွန်း မိုးရာသီ အပတ်စဉ်ဖျော်ဖြေပွဲကို ကပြလျက်ရှိပါတယ်။ ဒီဖျော် ဖြေပွဲကိုတော့ ၃လတာကာလအထိ အပတ်စဉ်သောကြာနဲ့ စနေနေ့တွေမှာ တင်ဆက်က ပြသွားမှာဖြစ်ပြီး လက်ရှိတင်ဆက် ကပြနေမှုမှာတော့ ပရိသတ်တွေရဲ့အားပေးမှုတွေကို အများကြီး ရရှိထားပါတယ်။ ဒီမိုးရာသီ အပတ်စဉ်ဖျော်ဖြေပွဲက ငွေကြေး အမြတ်အစွန်းအတွက် ရည်ရွယ်ကပြတဲ့ပွဲမျိုးမဟုတ်ဘဲ ရန်ကုန်မြို့ လယ်ကောင်မှာ မြန်မာ့ရိုးရာစစ်စစ် တွေကို တင်ဆက် ကပြချင် တာကြောင့်ဖြစ်သလို လူငယ်တွေ ကြားထဲမှာ မြန်မာ့ဇာတ်သဘင် ကို ထဲထဲဝင်ဝင်ရောက်ရှိစေဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း တင်မောင်ဆန်းမင်းဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071