Saturday, September 19, 2026

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...

CNN, MS NOW နဲ့...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍...

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ...

ရှမ်းပြည်နယ်ထွက် တန်ဖိုးမြှင့် ဟင်းသီးဟင်းရွက်အခြောက်ခံထုတ်ကုန်များ ဂျပန်ဈေးကွက်သို့...

ရှမ်းပြည်နယ်၊ စက်တင်ဘာ ၁၉ ရှမ်းပြည်နယ်မှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တန်ဖိုးမြှင့်အခြောက်ခံထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ကာ ဂျပန်နိုင်ငံဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ ကလောခရိုင်၊...
HomeNewsLocal Newsတက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းတွင် ခင်နှင်းဝေ ဖိုင်နယ်တက်၊ ရွှေတံဆိပ်အတွက် အင်ဒိုနီးရှားနှင့် ယှဉ်ပြိုင်မည်

နာဂိုယာ၊ စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမား ခင်နှင်းဝေသည် ရှုံးပွဲမရှိရလဒ်ဖြင့် ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရရှိရေး ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ခင်နှင်းဝေသည် လက်ဘနွန်ကစားသမားနှင့် တွေ့ဆုံခဲ့ရာ ပထမပွဲ၌ ၁၂-၇ မှတ်၊ ဒုတိယပွဲ၌ ၁၂-၈ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိကာ Women’s Singles ဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ခင်နှင်းဝေသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိရလဒ်ဖြင့် ဖိုင်နယ်အဆင့်အထိ တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံမှ ကစားသမားနှင့် ရွှေတံဆိပ်လုပွဲ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယင်းပွဲတွင် အနိုင်ရရှိပါက ခင်နှင်းဝေအနေဖြင့် မြန်မာနိုင်ငံအတွက် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို မြန်မာ U-17 အသင်း နှစ်ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မြန်မာ U-17 အသင်းက FIFA U-17 World Cup ဝင်ခွင့်ရ နယူးဇီလန် U-17 အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို့သည် ယနေ့ စက်တင်ဘာ ၁၉ ရက် ဂျပန်စံတော်ချိန် မွန်းလွဲ ၃ နာရီတွင်...

CNN, MS NOW နဲ့ Politico သတင်းဌာနတွေ အိမ်ဖြူတော်ကို ဝင်ခွင့်မပြုတော့ဟု ထရမ့်ပြောကြား

CNN, MS NOW နဲ့ Politico သတင်းဌာနတွေကို အိမ်ဖြူတော် ဝင်ခွင့်"ပိတ်လိုက်ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောကြားလိုက်ပါတယ်။ ဒီပိတ်ပင်မှုဟာ "ချက်ချင်း အသက်ဝင်တယ်" လို့ သူက ပြောပေမဲ့၊ သူ့အစိုးရအဖွဲ့အနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။ အရှေ့ပိုင်းစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ ထရမ့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေ ဒီ "ပိတ်ပင်မှု" ဟာ "သူတို့အနေနဲ့ 'သတင်းတု'...

သာသနာ့အာဇာနည် ချမ်းမြေ့ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချုပ် ငြိမ်းချုပ်၍ ပျံလွန်တော်မူ

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ချမ်းမြေ့ရိပ်သာ နာယကချုပ်၊ မဟာစည်နာယက ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသသည် ယနေ့ နံနက် (၁၁:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ဂရန်းဟံသာ အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ရာ သာသနာတော်အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ရပါသည်။ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို ယနေ့ မွန်းလွဲ (၃:၃၀) နာရီအချိန်တွင် ဂရန်းဟံသာ ဆေးရုံကြီးမှ မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာ စံကျောင်းတော်သို့ ပင့်ဆောင်မည်ဖြစ်ပြီး၊ တပည့်သံဃာတော်များနှင့် သာသနာ့ဒါယကာ၊ ဒါယိကာမများက စံကျောင်းတော်၌ ဆရာတော်ကြီးအား နောက်ဆုံးအကြိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071