Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeEducationတက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပသွားမည့်ရက် ပညာရေးဝန်ကြီး...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပသွားမည့်ရက် ပညာရေးဝန်ကြီး ပြောဆို

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပသွားမည့်ရက် ပညာရေးဝန်ကြီး ပြောဆို

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပသွားမည့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၄ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း ဝန်ကြီးက ထည့်သွင်းအသိပေးခဲ့သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက နိုဝင်ဘာ ၁၁ရက်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့်ပတ်သက်၍ဆောင်ရွက်မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာရာတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့အတွင်း လျှောက်ထားရမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံ ဖြင့်လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း ထည့်သွင်းကြေညာထားသည်။

ယင်းအပြင် အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းအုပ်ကြီးများသည် ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေး ၇၀ဝိ/- ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင် တွင် တံဆိပ်ခေါင်းတစ်ခုကပ်၍ လျှောက်လွှာများကို စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပေးပို့ကြရန်နှင့် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေး မှူးရုံးများတွင် ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀ဝိ/-)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇၀ဝိ/- ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်း တွင်ကပ်၍ မိမိတို့ အမှန်တကယ် နေထိုင်သည့်မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက် အတွင်း အချိန်မီ တင်သွင်းကြရမည် ဖြစ်ကာ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ နှင့် ဖြေဆိုခွင့်ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် ဖြစ်ကြောင်း သတိပြုစေလိုကြောင်း ကျောင်းများယာယီပိတ်ထားသဖြင့် ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုမှ မြို့နယ် (၄၆) မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ကျောင်းသား၊ကျောင်းသူများ နှင့် ပြင်ပဖြေဆိုမည့်သူများအတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို သတ်မှတ် ရက်တိုးမြှင့် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်ဟုမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောဆိုထုတ်ပြန်ထားသည်။

ယခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲနှင့် နှစ်ဆုံးစစ်ဆေးခြင်းအား မတ်လထဲတွင် ဆောင်ရွက်မည်ဟုနစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားပြီးဖြစ်သည်။

ဇွန်လ၁ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံပညာကျောင်းများ၏ စာသင်နှစ်သည် အချိန်ကာလအားဖြင့် ၆လသာ ရှိပြီး ပညာရေးဝန်ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင်ရေးဆွဲထားသည်ဟု သိရသည်။

Zaw Gyi

တကၠသိုလ္ဝင္တန္းစာေမးပြဲ က်င္းပသြားမည့္ရက္ ပညာေရးဝန္ႀကီး ေျပာဆို

တကၠသိုလ္ဝင္တန္းစာေမးပြဲမ်ား က်င္းပသြားမည့္ ကာလကို မတ္လ ၃၀ ရက္မွ ဧၿပီ ၉ ရက္အထိ က်င္းပသြားမည္ဟု ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးေဒါက္တာညႊန႔္ေဖက ရန္ကုန္တကၠသိုလ္ပါေမာကၡခ်ဳပ္အပါအဝင္ တာဝန္ရွိသူမ်ားႏွင့္ ဒီဇင္ဘာလ ၄ရက္ေန႔က ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည္။

တကၠသိုလ္ဝင္တန္းစာေမးပြဲ‌ အေျဖလႊာမ်ားကို အခ်ိန္မီစစ္ေဆးနိုင္ေရး ျပင္ဆင္စီမံေဆာင္ရြက္လ်က္ရွိေၾကာင္းလည္း ဝန္ႀကီးက ထည့္သြင္းအသိေပးခဲ့သည္။

ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက နိုဝင္ဘာ ၁၁ရက္က တကၠသိုလ္ဝင္ခြင့္ စာေမးပြဲ ေျဖဆိုခြင့္ ေလၽွာက္ထားျခင္းႏွင့္ပတ္သက္၍ေဆာင္ရြက္မည့္ အစီအစဥ္ကို ထုတ္ျပန္ေၾကညာရာတြင္ ၂၀၂၂ ခုႏွစ္၊ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုခြင့္ေလၽွာက္လႊာမ်ားကို ၂၀၂၁ ခုႏွစ္၊ နိုဝင္ဘာလ (၁၅) ရက္ေန႔မွ ဒီဇင္ဘာလ (၃၀) ရက္ေန႔အတြင္း ေလၽွာက္ထားရမည္ ျဖစ္ၿပီး စာေမးပြဲေျဖဆိုခြင့္ ေလၽွာက္လႊာတင္သြင္းရာ၌ ဘာသာတြဲ အမွတ္စဥ္ (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) မ်ားျဖင့္ ေျဖဆိုမည့္သူမ်ားအတြက္ အစိမ္းေရာင္ ေျဖဆိုခြင့္ေလၽွာက္လႊာႏွင့္ ကတ္ျပားပုံစံ ျဖင့္လည္းေကာင္း၊ ဘာသာတြဲ အမွတ္စဥ္ (၂)၊(၃)၊(၄) မ်ားျဖင့္ ေျဖဆိုမည့္သူမ်ားအတြက္ ပန္းေရာင္ ေျဖဆိုခြင့္ေလၽွာက္လႊာႏွင့္ ကတ္ျပားပုံစံျဖင့္ တင္သြင္းရန္ အေရာင္ႏွစ္မ်ိဳး ခြဲျခားသတ္မွတ္ထားေၾကာင္း ထည့္သြင္းေၾကညာထားသည္။

ယင္းအျပင္ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ ေက်ာင္းခြဲမ်ား၊ တြဲဖက္ေက်ာင္းမ်ားႏွင့္ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ေလၽွာက္လႊာတင္သြင္းမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အတြက္ ေက်ာင္းအုပ္ႀကီးမ်ားသည္ ေျဖဆိုခြင့္ေလၽွာက္လႊာ တစ္ေစာင္လၽွင္ (၂၀ဝိ/-)က်ပ္ႏွင့္ စာေမးပြဲဝင္ေၾကး ၇၀ဝိ/- က်ပ္တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ားဝယ္ယူၿပီး၊ ေလၽွာက္လႊာတစ္ေစာင္ တြင္ တံဆိပ္ေခါင္းတစ္ခုကပ္၍ ေလၽွာက္လႊာမ်ားကို စုေပါင္းၿပီး ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနသို႔ သတ္မွတ္ရက္အတြင္း အခ်ိန္မီ ေပးပို႔ၾကရန္ႏွင့္ ျပင္ပေျဖဆိုရန္ ေလၽွာက္လႊာတင္သြင္းသူမ်ားသည္ သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရး မွူး႐ုံးမ်ားတြင္ ေျဖဆိုခြင့္ေလၽွာက္လႊာ တစ္ေစာင္လၽွင္ (၂၀ဝိ/-)က်ပ္ႏွင့္ စာေမးပြဲဝင္ေၾကးအတြက္ ၇၀ဝိ/- က်ပ္တန္ ေငြသြင္းတံဆိပ္ေခါင္းမ်ား ဝယ္ယူၿပီး ဝင္ခြင့္ေလၽွာက္လႊာ၏ လက္ဝဲဘက္ထိပ္ပိုင္း တြင္ကပ္၍ မိမိတို႔ အမွန္တကယ္ ေနထိုင္သည့္ၿမိဳ႕နယ္ရွိ ၿမိဳ႕နယ္ပညာေရးမွူး႐ုံးတြင္ သတ္မွတ္ရက္ အတြင္း အခ်ိန္မီ တင္သြင္းၾကရမည္ ျဖစ္ကာ သတ္မွတ္ထားေသာရက္မ်ားအတြင္း အခ်ိန္မီ ေပးပို႔ျခင္း မရွိသူမ်ားသည္ စာေမးပြဲ ေျဖဆိုခြင့္ ရရွိၾကမည္ မဟုတ္ေၾကာင္းႏွင့္ စာေျဖသူတင္သြင္းသည့္ စာေမးပြဲေျဖဆိုခြင့္ေလၽွာက္လႊာ ႏွင့္ ေျဖဆိုခြင့္ကတ္ျပားတြင္ ေဖာ္ျပပါရွိသည့္ ဘာသာတြဲမွအပ အျခားဘာသာတြဲသို႔ ေျပာင္းလဲေျဖဆိုခြင့္ျပဳမည္ မဟုတ္သျဖင့္ မိမိေျဖဆိုမည့္ ဘာသာတြဲအလိုက္ ပုံစံမ်ား မွန္ကန္မွု ရွိ/မရွိ ေသခ်ာစြာ စစ္ေဆးၿပီး မွန္ကန္စြာ ျဖည့္စြက္ေပးပို႔ၾကရန္ ျဖစ္ေၾကာင္း သတိျပဳေစလိုေၾကာင္း ေက်ာင္းမ်ားယာယီပိတ္ထားသျဖင့္ ေက်ာင္းဖြင့္ရက္ေနာက္က်ေသာ တိုင္းေဒသႀကီး/ ျပည္နယ္ (၉) ခုမွ ၿမိဳ႕နယ္ (၄၆) ၿမိဳ႕နယ္ရွိ အေျခခံပညာေက်ာင္းမ်ား၏ ေက်ာင္းသား၊ေက်ာင္းသူမ်ား ႏွင့္ ျပင္ပေျဖဆိုမည့္သူမ်ားအတြက္ ေလၽွာက္လႊာေရာင္းခ်ျခင္းႏွင့္ ျပန္လည္ေပးပို႔ျခင္းတို႔ကို သတ္မွတ္ ရက္တိုးျမႇင့္ ေဆာင္ရြက္ေပးမည္ ျဖစ္ပါသည္ဟုျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက ေျပာဆိုထုတ္ျပန္ထားသည္။

ယခုႏွစ္ ပညာသင္ႏွစ္ အေျခခံပညာစာသင္ႏွစ္၏ ပထမ ႏွစ္ဝက္စစ္ေဆးျခင္းကို လာမည့္ ဇန္နဝါရီလထဲႏွင့္ ႏွစ္ဆုံးစစ္ေဆးျခင္းအား မတ္လထဲတြင္ ေဆာင္ရြက္မည္ဟုနစကျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာဆိုထားၿပီးျဖစ္သည္။

ဇြန္လ၁ရက္ေနတြင္ ဖြင့္လွစ္ၿပီး ဇူလိုင္လတြင္ ကိုဗစ္ေၾကာင့္ ျပန္ပိတ္ကာ နိုဝင္ဘာ ၁ရက္တြင္ ျပန္ဖြင့္သည့္ အေျခခံပညာေက်ာင္းမ်ား၏ စာသင္ႏွစ္သည္ အခ်ိန္ကာလအားျဖင့္ ၆လသာ ရွိၿပီး ပညာေရးဝန္ႀကီးဌာနက သင္ခန္းစာမ်ားအား ျပင္ဆင္ေရးဆြဲထားသည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071