Home Movies တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုတင်ကြည့်ပေးမည်ဆိုသည့် အလိမ်အညာများကို သတိပြုရန် စာစစ်ဦးစီးဌာန နှိုးဆော်၊ တရားဝင် ဝက်ဘ်ဆိုက်မှထုတ်ပြန်မည်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မကြာမီ ထွက်ပေါ်တော့မည့်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြိုတင်ကြည့်ပေးမည်ဆိုသည့် အလိမ်အညာများကို သတိပြုရန် စာစစ်ဦးစီးဌာန နှိုးဆော်၊ တရားဝင် ဝက်ဘ်ဆိုက်မှထုတ်ပြန်မည်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မကြာမီ ထွက်ပေါ်တော့မည့် ကာလအတွင်း မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မသိနားမလည်၍ မသမာသူများ၏ လိမ်လည်လှည့်ဖြားမှုများတွင် အလိမ်မခံရစေရန်အတွက် ကြိုတင်သတိပြုရမည့် အချက်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သတိပေးထားသည်။

0
113

စာစစ်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းစနစ်အရ အများပြည်သူသို့ တရားဝင် မကြေညာခင် အောင်စာရင်း ကြိုတင်ပေါက်ကြားရန် လုံးဝမဖြစ်နိုင်သဖြင့် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟု အွန်လိုင်းပေါ်၌ ပြောဆိုနေမှုများသည် ရာနှုန်းပြည့် လိမ်လည်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

မသမာသူများ အသုံးပြုလေ့ရှိသည့် လိမ်လည်မှုပုံစံများ

အလကားကြည့်ပေးရာမှ ငွေလိမ်ခြင်း

အစပိုင်းတွင် ခုံအမှတ်ကို အခမဲ့တောင်းယူပြီးနောက် “စာမေးပွဲကျနေသဖြင့် အောင်အောင်လုပ်ပေးမည်” သို့မဟုတ် “ဂုဏ်ထူးရအောင် လုပ်ပေးမည်” ဟု အယုံသွင်းကာ ငွေကြေးများကို အဆင့်ဆင့် လိမ်လည်တောင်းခံတတ်ကြသည်။

အကောင့်တုများဖြင့် အုပ်စုဖွဲ့လိမ်ခြင်း

Social Media ပေါ်တွင် အကောင့်တု ၃-၄ ခုဖြင့် တစ်ယောက်နှင့်တစ်ယောက် “ဒီဆရာကြည့်ပေးတာ မှန်သည်” ဟု ထောက်ခံချက်ပေးကာ စနစ်တကျ အယုံသွင်း လိမ်လည်လေ့ရှိသည်။

ပြင်ပ Application (App) အတုများ

စာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် App ကိုမျှ ထုတ်ဝေထားခြင်း မရှိပါ။ ပြင်ပ App များသည် အချက်အလက် မမှန်ကန်နိုင်သည့်အပြင် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက်ပါ အန္တရာယ်ရှိနိုင်သည်။

အမှန်ကန်ဆုံးနှင့် တရားဝင် ကြည့်ရှုနိုင်မည့် လမ်းကြောင်းများ

စာစစ်ဦးစီးဌာနသည် အောင်စာရင်းများကို မိမိတို့၏ တရားဝင် ဝက်ဘ်ဆိုက် (Website) မှသာ တစ်ပြိုင်တည်း ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေ ကြည့်ရှုနိုင်ရန်အတွက်

https://result.dme.gov.mm

တွင် လွှင့်တင်ပေးရန် စီစဉ်နေသည်။
ယခင်နှစ်များနည်းတူ မိမိတို့ ဖြေဆိုခဲ့သည့် စာစစ်ဌာနအလိုက် အောင်စာရင်းများကို ကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်လည်း ရှိနေမည်ဖြစ်သည်။

စာစစ်ဦးစီးဌာန၏ ပြည်သူသို့ အသိပေးချက်

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အောင်စာရင်းများကို အမြန်ဆုံး ကြေညာပေးလိုသော်လည်း၊ စနစ်တကျ တိကျမှန်ကန်မှုရှိစေရန်အတွက် လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့ကြောင့် အောင်စာရင်းများ အဆင်သင့်ဖြစ်ပါက အကြောင်းမဲ့ ဆွဲထားခြင်းမရှိဘဲ ချက်ချင်း ထုတ်ပြန်ပေးသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စိတ်အေးအေးထားကာ တရားဝင် ဝက်ဘ်ဆိုက်တွင်သာ စောင့်မျှော်ကြည့်ရှုကြရန် လေးနက်စွာ နှိုးဆော်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here