Friday, November 7, 2025

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို...

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက်...

Grade 12 အထိ မတက်လိုပါက...

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊...

AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT...

ပြောင်းလဲတိုးတက်မှုနှုန်းမြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့်ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။ ယမန်နေ့က ကျင်းပသည့်...
HomeNewsLocal Newsတက္ကစီခတောင်းရာမှစကားများပြီး ကားမောင်းသူကိုသတ်၍ ကားကိုယူဆောင်သွားသူ(၂)...

တက္ကစီခတောင်းရာမှစကားများပြီး ကားမောင်းသူကိုသတ်၍ ကားကိုယူဆောင်သွားသူ(၂) ဦးကို ၄၈ နာရီအတွင်းဖမ်းဆီးနိုင်ခဲ့

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ၊ သီလဝါခြောက်လမ်းသွားကားလမ်း၏ မိုင်တိုင်အမှတ် ၈/၇ နှင့် ၉/၀ ကြား လမ်းဘယ်ဘက်ခြမ်းအမှိုက်ပုံ၌ တက္ကစီမောင်းနှင်သည့် သာကေတမြို့နယ်နေ ဦးစံသိန်း(၅၆)နှစ်အား အောက်တိုဘာ ၆ ရက်နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ထိုးသွင်းဒ-ဏ်ရာ(၃၁)ချက်ဖြင့်‌ေ-သဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဦးစံသိန်းသည် TOYOTA PROBOX အဖြူရောင်(အငှား)ယာဉ်ဖြင့် အောက်တိုဘာ ၅ ရက်ကထွက်ခွာသွားပြီးနောက် နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ဖုန်းမှာလည်းစက်ပိတ်ထားသဖြင့် သာကေတမြို့မရဲစခန်းက စုံစမ်းရှာဖွေမှုများပြုလုပ်နေသူဖြစ်သည်။

ထို့ကြောင့် ဦးစံသိန်းအား ထိုးသွင်းဒ-ဏ်ရာများဖြင့်‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် သန်လျင်မြို့မရဲစခန်းက (ပ)၃၅၅/၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၃၉၂ ဖြင့် အမှုဖွင့်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထက်ရှိုင်းဇော်(၁၇)နှစ်နှင့် သက်ဝေဦး(၁၇)နှစ်တို့အား  အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီတွင် ၎င်းတို့လုယက်ယူဆောင်သွားသော TOYOTA PROBOX ကားနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အရက်သေစာသောက်စားပြီး ဦးစံသိန်းမောင်းနှင်သည့် အငှားယာဉ်အားစီးနင်းခဲ့ကာ သန်လျင်-ကျိုက်ခေါက် ဘုရားကားလမ်း၏ ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်စီးခတောင်းခံရာမှတစ်ဆင့်စကားများပြီး ကတ်ကြေး၊ ဝက်အူလှည့်တို့ဖြင့်ထိုးသ-တ်ပြီး ကားကိုယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို လွှတ်တင်

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်၌ လွှတ်တင်ခဲ့ကြသည်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက် ရက်စွဲဖြင့် ခွင့်ပြုချက်အရ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၅) ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ထားသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ၏ ပြုပြင်ထိန်းသိမ်းရေးကော်မတီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊...

Grade 12 အထိ မတက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်သည့် ကျောင်းများရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။ ထိုကျောင်းများမှတဆင့် အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်လည်း ဖြစ်သည်။ လက်ရှိ၌ စိုက်ပျိုး‌‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် (၈၉)ကျောင်း ရှိလာကြောင်း သိရသည်။ ထိုကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071