Friday, April 17, 2026

ကယားပြည်နယ်၏ သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာသ နပ်ခါးလှယဉ်ကျေးမယ်ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက "မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်"ပြိုင်ပွဲကိုကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ...

AI အသုံးပြုပြီး Google Discover...

အခုဆိုရင် Google ရဲ့ Discovery feed ကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ notification...

သင်္ကြန်အတတ်နေ့အား ပျော်ရွှင်စွာဖြတ်သန်းနေသည့် ကော့ကရိတ်မြို့

နိုင်ငံရေးအခြေအနေများကြောင့် သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃)နှစ်ရှိပြီဖြစ်သော ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်အားပြန်လည်ကျင်းပနိုင်ခဲ့ရာ ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင်...

သင်္ကြန်အကြတ်နေ့နှင့် မန္တလေးမြို့

မန္တလေးမြို့တွင် သင်္ကြန်ပွဲတော်အား မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မန္တလေးကျုံးပတ်လည် ၌ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များဖြင့်ကျင်းပလျက်ရှိရာ ယနေ့ ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် နံနကိပိုင်းမှစတင်၍ ညပိုင်းအချိန်အထိ...
HomeNewsLocal Newsဇူလိုင် (၃၁) ရက်တွင်...

ဇူလိုင် (၃၁) ရက်တွင် အရေးပေါ်ကာလ သက်တမ်းပြည့်မည်ဖြစ်၍ ဩဂုတ် (၁) ရက်နောက်ပိုင်း အပြောင်းအလဲများဖြစ်ပေါ်လာနိုင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလ သက်တမ်း (၆) လတိုးထားခြင်းသည် လာမည့် ဇူလိုင်လ (၃၁) ရက်တွင် သက်တမ်းပြည့်မည်ဖြစ်သည့် အတွက် ဩဂုတ် (၁) ရက်မှ စတင်ကာ အပြောင်းအလဲများ ဖြစ်လာနိုင်ချေရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။သြဂုတ် ၁ ရက် ဓမ္မစင်္ကြာနေ့တွင် မာရဝိဇယဘုရားကြီးအားအနေကဇာတင်မည်ဟုလည်းကြားသိနေရသည်။

” ဒီလ (၃၁) ရက်သည် ပုဒ်မ ၄၂၅ အရ သာမန်မဟုတ်တဲ့အခြေအနေအရ သူတို့ အနိမ့်ဆုံး မတတ်သာလို့ ယူခဲ့ရတဲ့ (၆) လတာကာလဖြစ်သလို ဒီကာလမှာ ပြီးပြတ်အောင် ဆောင်ရွက်ပေးကြမယ်လို့ ထင်တယ်။ လာမယ့် ဩဂုတ်လ (၁) ရက်ကစလို့ အခြေခံ ဥပဒေအရပဲ ကာလုံကို အပ်နှင်းနိုင်တဲ့ အနေအထားကလည်း ရှိနေတယ်။ အဲဒီလိုပဲ သုံးသပ်တာပေါ့။ တည်ငြိမ်အေးချမ်းတဲ့နေရာကလည်း တော်တော်များများ ရှိနေပြီလေ။ မတည်ငြိမ်တဲ့ နေရာလေးတွေကတော့ ရှိနိုင်သေးတာပေါ့” ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ လည်းဖြစ်သည့် ဒေါက်တာအေးမောင်က ပြောသည်။

နစကသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှစတင်ကာ တိုင်းပြည်အာဏာအားထိမ်းထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ (၂) နှစ် သက်တမ်းပြည့်ပါက ကာလုံအစည်းဝေးခေါ်၍ အာဏာပြန်လည် အပ်နှံရမည်ဖြစ်သည်။

အကယ်၍ (၂) နှစ်ပြည့် ကာလုံအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ အနေဖြင့် တိုင်းပြည်၏ အခြေအနေမှာ သာမန်မဟုတ်သည့်အတွက် ၎င်း၏ တာဝန်များအား ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း တင်ပြလာပါက ကာလုံအနေဖြင့် သက်တမ်း(၆)လ ထပ်တိုးပေးနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၂၅)တွင်ပြဌာန်းထားခြင်းလည်း ဖြစ်သည်။

ယင်းအခြေခံ ဥပဒေ ပုဒ်မ (၄၂၅)ပါ ပြဌာန်းချက်အရတိုင်းပြည်သည် သာမန်အခြေအနေ မဟုတ်သေးသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၁) ရက်မှ စတင်ကာ အရေးပေါ်ကာလအဖြစ် (၆) လ သက်တမ်းထပ်မံတိုးမြှင့်ထားခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်က ပြုလုပ်သည့် ကာလုံအစည်း အဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ တင်ပြသည့် အစီရင်ခံစာတွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၆၅) မြို့နယ်တွင် လုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ရန် လိုအပ်နေသေးပြီး (၆၇) မြို့နယ်မှာ လုံခြုံရေးအလေးထား ဆောင်ရွက်ရန်လိုအပ်နေသေးကြောင်း တင်ပြကာ (၆) လ ဆက်လက်အာဏာရယူရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တင်ပြချက်များပေါ်မူတည်ကာ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက အရေးပေါ် ကာလကို (၆)လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း စစ်ကိုင်း၊ ချင်းနှင့် မကွေးတိုင်းအတွင်းမှ မြို့နယ်အများစုအပါအဝင် မြို့နယ် (၄၀) ကျော်ကို စစ်အုပ်ချုပ်ရေးကြေ ညာကာ လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးကိစ္စများအား စိုက်ဆောင်ရွက်ရန်ကြိုးစားခဲ့ကြောင်း နစက၏ ယင်းကာလ ထုတ်ပြန်ချက်များကဆိုသည်။

” လိုအပ်တာတွေကတော့ ရှိမှာပေါ့ဗျာ။အခြေခံ ဥပဒေအရရွေးကောက်ထားတဲ့ အစိုးရက လုပ်ရမယ့် လုပ်ငန်းတွေကလည်း ရှိဦးမှာပေါ့။ အရေးပေါ်ကာလ ပြဌာန်းချက်အရ သတ်မှတ်တာကတော့ တည်ငြိမ်အေးချမ်းအောင် လုပ်ပေးရမယ်။ ရွေးကောက်ပွဲတစ်ရပ်ကို အောင်အောင်မြင်မြင် ကျင်းပပေးရမယ် ။ အကြားအလပ်မရှိဆိုတာကတော့ တာဝန်ရှိသူရဲ့ ဆန္ဒနဲ့ လိုလားချက်ပေါ့။ ကျွန်တော်တို့က သွားနေတဲ့ လုပ်ငန်းကို ပြောပြတာပါ။ ဖြစ်နိုင်မဖြစ်နိုင်ကတော့ နိုင်ငံရေးအားဖြင့် SAC ဘက်က တွက်မှာပေါ့။ စစ်ရေးအားဖြင့် ၊ တည်ငြိမ်အေးချမ်းရေး အားဖြင့်ပေါ့။ ကျွန်တော်တို့က ဖြစ်သင့်တဲ့အနေအထားကို တင်ပြတာပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

လက်ရှိအခြေအနေများအရ လာမည့် (၃၁) ရက် ကာလုံအစည်းအဝေးတွင် နိုင်ငံတော်အာဏာအား ကာလုံထံ ပြန်လည်အပ်နှင်းမည် ဆိုပါက ဩဂုတ်လ (၁) ရက်မှစတင်ကာ အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာမည်ဖြစ်ပြီး (၆) လအတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ ရွေးကောက်ခံ အစိုးရအား အာဏာအာဏာလွဲအပ်ရမည့် အခြေအနေဖြစ်သည်။

ယင်းကဲ့သို့ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရန် လာမည့်ဇူလိုင် (၃၁) ရက်မတိုင်မီ ကြားကာလ ရက်ပေါင်း (၂၀) အတွင်း ရွေးကောက်ပွဲ ဥပဒေအသစ်ကို ပြဌာန်းပေးရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ်၏ သင်္ကြန်ပွဲတော်၌ မြန်မာ့ရိုးရာသ နပ်ခါးလှယဉ်ကျေးမယ်ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် သ င်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်မဏ္ဍပ်ထည့်သွင်း၍ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ဆပ်ကော်မတီက "မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်"ပြိုင်ပွဲကိုကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးနောက် ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ဆုပေးပွဲကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့တက်ရောက်၍ ပထမဆုရရှိသည့် မသန့်ဟေသီစိုးအား ပြည်နယ်ဝန်ကြီးချုပ်၏ဘဇနီး၊ ဒုတိယဆုရရှိသည့် မမေဦးခင်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တတိယဆုရရှိသည့် မနန်းဆုမွမ်မွမ်ရှန်အား ဒေသကွပ်ကဲရေးမှူး၏ဇနီးတို့ကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ထမနဲသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာထမနဲထိုးနေမှုကိုကြည့်ရှုအားပေးပြီး ပြည်သူများအား ထမနဲစတုဒိသာများပေးဝေ၍ လမ်း လျှောက်သင်္ကြန်အားပါဝင်ဆင်နွှဲခဲ့သည်။ ထို့အတူ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ကျင်းပသည့် ယိမ်းအကပြိုင်ပွဲတွင် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအားဂုဏ်ပြုချီး...

AI အသုံးပြုပြီး Google Discover မှတစ်ဆင့် အန္တရာယ်ရှိသော သတိပေးချက်များ နှင့် လိမ်လည်မှုများကို ဖြန့်ဝေနေသည့် အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်နေ

အခုဆိုရင် Google ရဲ့ Discovery feed ကို အသုံးချပြီး AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကနေတစ်ဆင့် အန္တရာယ်ရှိတဲ့ notification တွေနဲ့ လိမ်လည်မှုတွေကို ဖြန့်ဝေနေတဲ့ အကြီးစား ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်နေပါတယ်။ Pushpaganda လို့ အမည်ပေးထားတဲ့ အဲဒီလုပ်ငန်းစဉ်ဟာ စိုင်ဘာတိုက်ခိုက်သူတွေက AI နဲ့ ရေးထားတဲ့ ဆောင်းပါးတွေ၊ လူစိတ်ဝင်စားအောင် လှည့်စားထားတဲ့ ခေါင်းစဉ်တွေပါတဲ့ ဝက်ဆိုဒ်အတုပေါင်း ၁၁၃ ခုလောက်ကို အရင်ဆုံး တည်ဆောက်တာနဲ့ စတင်ပါတယ်။ ပြီးတော့မှ အဲဒီဆောင်းပါးတွေကို Android...

သင်္ကြန်အတတ်နေ့အား ပျော်ရွှင်စွာဖြတ်သန်းနေသည့် ကော့ကရိတ်မြို့

နိုင်ငံရေးအခြေအနေများကြောင့် သင်္ကြန်ပွဲတော်ကျင်းပနိုင်ခြင်းမရှိသည်မှာ (၃)နှစ်ရှိပြီဖြစ်သော ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၌ ယခု ၂၀၂၆ ခုနှစ် သင်္ကြန်ပွဲတော်အားပြန်လည်ကျင်းပနိုင်ခဲ့ရာ ယနေ့ ဧပြီ ၁၆ ရက်(သင်္ကြန်အတတ်နေ့)တွင် ကော့ကရိတ်မြို့တွင်းရှိသင်္ကြန်မဏ္ဍပ်များ၊ စကခ (၁၂) တပ်နယ်မဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစားနေကြမှု၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုမြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (အဆိုပါ သင်္ကြန်မဏ္ဍပ်များသို့ ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှလည်း ပြည်သူများနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့သည်။) Photo-ဒေါ်ခင်နီနီအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071