အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအပြင် ဝီဖာမုန်တိုင်း အကြွင်းအကျန်များကြောင့် ဇူလိုင် (၂၃)ရက်နှင့် (၂၄) ရက် (၂)ရက်တာအတွင်း လေပြင်းတို-က်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။
ထို့ကြောင့် သစ်ပင်ကြီးများအောက် မိုးခိုခြင်းအား သတိပြုကြရန်နှင့် လျှပ်စစ်ဝါယာရှော့ ဖြစ်နိုင်ခြင်းအပါအဝင် အိမ်ပေါ် သစ်ပင်သစ်ကိုင်းပိနိုင်ခြင်းများအား သတိပြုနေထိုင်ကြရန် အသိပေးထားသည်။
ယနေ့ ဇူလိုင် (၂၂) ရက်၊ မွန်းလွဲ(၂) နာရီခွဲဝန်းကျင်အချိန်က ရန်ကုန်မြိူ့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်နှင့်ဓာတ်တိုင်အချို့ လဲကျခဲ့သဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရသေးသည်။
အားကောင်းသော အပူပိုင်းမုန်တိုင်း “ဝီဖာ” ၏ အရှိန်ကြောင့် ယနေ့မှစ၍ ဇူလိုင်(၂၆)ရက်အတွင်း တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလကလည်း အသိပေးထားသည်။
