Thursday, July 16, 2026

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း...

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး...

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ...

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက...
HomeNewsLocal Newsဇူလိုင် ၁၉ ရက်...

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်မြို့ရှိ လမ်းအချို့ ယာယီပိတ်မည်

(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လမ်းပိတ်ခြင်းနှင့် လမ်းလွှဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်သည်။

အာဇာနည်ဗိမာန်တွင် အခမ်းအနားကျင်းပမည့် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ အာဇာနည်လမ်းနှင့် ဦးဝိစာရလမ်းတို့၏ အချို့အပိုင်းများကို ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ပြသမည့် နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းနှင့် ဗိုလ်ချိုလမ်းတို့တွင်လည်း လမ်းပိတ်၊ လမ်းလွှဲအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အတွင်းဝန်ရုံး၌ အလံတင်အခမ်းအနား ကျင်းပမည့်အတွက်လည်း နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိ သိမ်ဖြူလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းတို့၏ သတ်မှတ်ထားသော အပိုင်းများတွင် ယာယီလမ်းပိတ်၊ လမ်းလွှဲများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းကြောင့် ယာဉ်မောင်းသူများအနေဖြင့် လမ်းပိတ်၊ လမ်းလွှဲဆောင်ရွက်နေသည့် အချိန်များတွင် အခြားသင့်လျော်သော လမ်းကြောင်းများကို အသုံးပြု၍ သွားလာကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်များက ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁၆ ရက်တွင် စားသုံးဆီများကိုလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ကျိုက်ဒေးဝ၊ ဝါးကျောင်းကျေးရွာအုပ်စု၊ ကျောင်းလမ်းအုပ်စု၊ မဂ္ဂင် (၁)လမ်းမှ(၁၀)လမ်းအထိ၊ ဆည်ဘောင်အုပ်စု၊ မာလကာစမ်းလမ်းတို့၌နေထိုင်သူများကို အိမ်ထောင်စုတစ်စုလျင် စားသုံးဆီ(၁)ပိဿာနှုန်းဖြင့် သက်သာသောစျေးနှုန်းနှင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကံဦးကျောင်းလမ်း၊ စျေးနောက်လမ်း(၁၊၂၊၃၊၄)၊ ဘုရားကြီးစျေးဝန်ထမ်းများ၊...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ်နေ

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ တိုင်းအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းအဆင့်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ရထားလမ်းတစ်လျှောက် အန္တရာယ်ဖြစ်စေနိုင်သည့်...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ် စတင်လျှောက်ထားနိုင်ပြီ

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071