Thursday, May 7, 2026

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...
HomeMyanmar Theatrical Traditionဇာတ်မင်းသားကနေ ကျောင်းဆရာဖြစ်သွားပြန်တဲ့ ဦးနန်းဝင်း

ဇာတ်မင်းသားကနေ ကျောင်းဆရာဖြစ်သွားပြန်တဲ့ ဦးနန်းဝင်း

သဘင်မင်းသားကြီး ဦးနန်းဝင်းက အခုလက်ရှိအချိန်မှာတော့ ပုဂ္ဂလိက အထက် တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာအဖြစ်လုပ်ဖြစ်နေပါတယ်။ ဒီကျောင်းမှာ တော့ သူ့အနေနဲ့အနုပညာနဲ့ပတ်သက်တာတွေကို သင်ကြားရတာဖြစ်ပါတယ်။ သဘင်မင်းသားဘဝနဲ့ ကျောင်းဆရာဘဝကတော့ သူ့အနေနဲ့ကွာခြားမှုတွေများစွာရှိပါတယ်လို့ ဦးနန်းဝင်းက ပြောပြပါတယ်။ ဘယ်လိုကွာခြားလဲဆိုတာကတော့…

“ကလေးတွေက နန်းဝင်းဆိုတာကို မမြင်ဖူးသလိုဇာတ်မင်းသားမှန်းလည်း မသိဘူး လေ။ ပြီးတော့ကိုယ့်ကိုယ်ကိုယ်လည်း ငါကကျောင်း ဆရာဖြစ်တယ်။ ဇာတ်မင်းသား မဟုတ်ဘူးဆိုတာကိုလည်း စိတ်ကိုထားရတယ်။ စင်ပေါ်ကနေ ပရိသတ်တွေအများ ကြီးကို ဖမ်းစားရတာနဲ့ စာသင်ခန်းက ကလေးအယောက် ၃ဝ၊ ၄ဝ ကို ဖမ်းစားရတာက တော့ ဦးနန်းအတွက်လွယ်တာပေါ့။ ဒါကတော့ ဦးနန်းရဲ့ ဇာတ်မင်းသားဘဝကရခဲ့တဲ့ ဗဟုသုတနဲ့ အေးဆေးဖမ်းစားလို့ရပါတယ်။ တစ်ခုပါပဲ အဲဒါဘာလဲဆိုတော့ ဇာတ်ရုံ မှာကနန်းဝင်းဆိုပြီးလာကြည့်တဲ့ ပရိသတ်တွေလေ။ ဒါကကြတော့ နန်းဝင်းဆိုပြီးတော့ လာကြည့်တဲ့ ပရိသတ်တွေမဟုတ်ဘူး

သုခမသဘင်ခန်းက သင်ကြားတဲ့ ဆရာကြီးရဲ့ အခန်းထဲကိုဝင်လာပြီးတော့ အနုပညာအကြောင်းကို သင်ကြားကြတာဖြစ်တဲ့ အတွက် ကြောင့် ဦးနန်းအနေနဲ့ရှိတဲ့ပညာကို အိတ်သွန်ဖာမှောက် သင်ကြားပေးရတာဖြစ်တဲ့ အတွက်ခံစားမှုချင်းတော့ မတူဘူး။ ရင်ခုန်သံချင်းလည်မတူပါဘူး”လို့ ဦးနန်းဝင်းက ပြောပြပါတယ်။ ဦးနန်းဝင်းအနေနဲ့ မြန်မာ့ရဲ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ မဟာဂီတ၊ ဆိုင်း ပညာ၊ မပတ္တာလား၊ ရုပ်သေး၊ အကပညာ၊ အဆိုပညာ၊ ပြဇာတ်၊ ဂုံးချိုးပညာ၊ တို့ကို စုံလင်စွာသင်ကြားပြသပေးနေပါတယ်။ ကလေးတွေရဲ့ မျက်လုံးထဲမှာ ကွက်ကွက်    ကွင်းကွင်းမြင်နိုင်ဖို့အတွက်လည်း တချို့ဇာတ်လမ်းဇာတ်ကွက်တွေမှာ သရုပ်ဆောင်ပြ တာမျိုးတွေလည်း လုပ်ပြဖြစ်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ကျောင်းဆရာအလုပ်ကို လည်း ပျော်မွေ့နေပြီဖြစ်ကာ ကိုယ်မြတ်နိုးတဲ့ အနုပညာနဲ့အလုပ်တစ်ထပ်တည်းကျတဲ့ အတွက် ကျောင်းဆရာဘဝကို ပိုလို့တောင်နှစ်သက်ချင်နေသေးတယ်လို့ ဦးနန်းဝင်းက ပြောပြခဲ့ပါသေးတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071