မြန်မာ့ ရုပ်ရှင် လောကမှာ အလွှာ၁ဝလွှာ ရှိတဲ့ အနက် ဇာတ်ပို့၊ ဇာတ်ရံအလွှာဟာ လူဦးရေ အများ ဆုံးဖြစ်ပြီး အကယ်ဒမီပွဲ နီးကပ် လာတာ နဲ့အမျှ အကယ်ဒမီပွဲတက် ဖိတ်စာ ဖိတ်ကြားရေး အပိုင်းမှာ အခက်အခဲတွေ ရှိနေတယ်လို့ အကယ်ဒမီ ဦးအောင် ခိုင်က ဆိုပါ တယ်။
“ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဇာတ်ပို့ဇာတ်ရံ အလွှာ ဆိုတာက အလွှာ၁ဝလွှာထဲမှာ အဖွဲ့ဝင် အများဆုံးဖြစ်တယ်။ အဲဒီတော့ ဖိတ်ကြားရေးမှာ ရရှိမယ့် ခုံအရေ အတွက်ကြောင့် ဖိတ်ကြားရတဲ့ အခါ အခက်အခဲ ရှိလာတယ်။ တန်းခွဲတာ မဟုတ်ဘူး ဆိုတာကို ကြိုတင်ပြီး စကားပလ္လင်ခံ ထားချင်တယ်။ အကယ်ဒမီ စာရင်းဝင် ၃၃ကား စာရင်းထဲမှာ ပါဝင် တဲ့ ဇာတ်ပို့ဇာတ်ရံတွေ ကတော့ ဦးစားပေးအဆင့် ထဲမှာ ပါဝင်တာပေါ့။ ဇာတ်ပို့ ဇာတ်ရံတွေက အတော်လေးကို များပါတယ်။ ရမယ့် ခုံအရေအတွက် နဲ့ ဖိတ်ရမယ့် လူဦးရေ နဲ့က အတော်ကြီး ကို ကွာဟနေတာ ပေါ့။ အဲဒီတော့ ဦးအောင်ခိုင်က ကိုယ့်အနုပညာ သမားတွေ တစ်ယောက်မဟုတ် တစ်ယောက် နစ်နာ မှာလည်း စိုးရိမ်ရတယ်။ အဲဒီတော့ အခုလောလော ဆယ်မှာ တကယ်တမ်း လှုပ်ရှားနေတဲ့ ဇာတ်ပို့ ဇာတ်ရံတွေကို ဦးစားပေး ပြီးရွေး လိုက်တယ်။ ပြီးတော့ ဇာတ်ကား၃၃ ကား အကယ်ဒမီ စာရင်းမှာ ပါဝင်တဲ့ သူတွေ နဲ့ ပြန်တိုက်တယ်။ ကိုယ်ရွေး ထားတဲ့ သူတွေ ၃၃ကားမှာ ပါနေရင် အဲဒီလူ တွေကို ပြန်ထုတ်တယ်။ ဦးအောင်ခိုင် ကတော့ အပေါ်ကား ၊ အောက်ကား ဆိုပြီးတော့ မခွဲပါ ဘူး။ ဒါပေမဲ့ သူနေရာနဲ့ သူ တော့ ရှိတာပေါ့” လို့ ပြောပြပေးပါတယ်။ လက်ရှိ (မတ်လ ၁ဝရက်) အထိကိုတော့ ဇာတ်ပို့ဇာတ်ရံ အလွှာ အတွက် ခုံအရေအတွက် ဘယ်လောက် အထိရမယ်ဆိုတာ မသိရသေးတာမို့ ဘယ် လောက်အထိ ဖိတ်ကြား မှုရှိနိုင်မယ် ဆိုတာ ကိုလည်း တွက်ဆထားလို့ မရနိုင်သေးဘူး လို့လည်း ဆိုပါတယ်။
“ခုံအနေအထား ဘယ်လောက်အထိ ခင်း နိုင်မှာလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။ ပြည် သူ့ရင်ပြင်က အကျယ်ကြီးဆိုပေမယ့် အဲဒီ အကျယ်ကြီးကို ပြန့်ပြန့်ကြီး လိုက်ခင်းဖို့ ဆိုတာ လေ မဟုတ်သေးဘူးလေ။ ဥပမာ -ခုံအရေ အတွက် ၃ဝဝဝ ခင်းနိုင်မယ်ဆိုရင် အဲဒီအပေါ်မူ တည်ပြီးတော့မှ သိရမှာပေါ့။ အဲဒီမှာ အကယ်ဒမီ ဘုတ်အဖွဲ့တွေ ရှိမယ်။ နိုင်ငံတော် အစိုးအဖွဲ့ တွေရှိ မယ်။ ငှာနဆိုင်ရာတွေ ရှိမယ်။ ပြီးတော့ အကယ်ဒမီ ရရှိခဲ့ပြီးသား အနုပညာသည် တွေရှိ မယ်။ ပြီးရင် ဒီနှစ်အကယ်ဒမီ စာရင်းဇာတ်ကား ၃၃ကားထဲမှာ ပါဝင်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ ရှိမယ်။ ပြီးတော့ အဓိက သရုပ်ဆောင်အလွှာ၊ ဇာတ်ပို့ဇာတ်ရံ အလွှာရှိမယ် စသည်ဖြင့်အလွှာ ၁ဝ လွှာရှိမယ်။ အဲဒီတော့ ခုံအရေအတွက် ဘယ် လောက် ရမယ် ဆိုတာမသိတဲ့ အတွက်ဖိတ်စာ ဘယ်လောက်အထိ ဖိတ်ကြားနိုင်မယ် ဆို တာ ခန့်မှန်းလို့ မရနိုင်သေးပါဘူး” လို့ မှတ်ချက်ပြုပြောပြ ပေးပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး စာရင်းဝင်ဇာတ်ပို့၊ ဇာတ်ရံ စုစုပေါင်း ဟာ ၄ဝဝဝ ခန့် ရှိတယ်လို့လည်း သိထားရပါတယ်။
ထက်လူ