Monday, June 8, 2026

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...
HomeCelebrities' Newsဇာတ်ကားတွေ ရိုက်ကူးသွားဦးမယ့် မြန်မာပြည်သိန်းတန်

ဇာတ်ကားတွေ ရိုက်ကူးသွားဦးမယ့် မြန်မာပြည်သိန်းတန်

စတီရီယိုအဆိုတော်ကြီးမြန်မာပြည်သိန်းတန်က သူတို့ ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ‘ဖက်ရှင်’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူပြင်ဆင်မှု ပိုင်းကိုတော့ အခုလို ပြောပြခဲ့တာက…

စတီရီယိုအဆိုတော်ကြီးမြန်မာပြည်သိန်းတန်က သူတို့ ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ‘ဖက်ရှင်’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူပြင်ဆင်မှု ပိုင်းကိုတော့ အခုလို ပြောပြခဲ့တာက…

“ဒီဇာတ်ကားမှာ အန်ကယ်တို့ရဲ့ ဖက်ရှင် ကို Aroma က ပြင်ဆင်ပေးတယ်။ စတိုင်လေး တွေကိုတော့ အချစ်ဆုံးတေးချစ်သူ က အန်ကယ်ရဲ့အကြိုက်ကို စတိုင်လေးတွေ ဖန်တီးပေးတယ်။ ပြီးတော့ တချို့ဟာလေးတွေကိုတော့ အမေရိကန်က ဝယ်လာဖြစ်တယ်။ စီးတဲ့ဖိနပ်ကလည်း အမေရိကန်ကပဲ ဝယ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။  ဂီတဘက်မှာ အားပေးသလိုပဲ၊ ရုပ်ရှင်ဘက်မှာလည်း ပရိသတ် တွေ အားပေးစေချင်တဲ့ မြန်မာပြည် သိန်းတန်က နောက်ထပ်ရိုက်ကူးဖို့ ဇာတ်ကားတွေရှိကြောင်းကိုတော့  “နောက်ထပ် ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထား တာတွေတော့ ရှိတယ်။ အခုဆိုရင် ရက်ရွေးပြီးတော့မှ ရိုက်ကူးကြရတော့မှာပါ။ ဒီ’ဖက်ရှင်’ဇာတ်ကားပြီးတော့  နောက်ထပ် ရိုက်ကူးပြီးထားတဲ့ ဇာတ်ကားတစ် ကားတော့ ရှိတယ်။ ‘အဆိုတော်တို့ နေတဲ့ရွာ’ ဇာတ်ကားကို ရုံရက်ရရင် တော့ တင်တော့မှာပါ။

‘အန်ကယ် No ‘ ဇာတ်ကားကို တတိယမြောက် ရိုက်ကူးမယ့် ဇာတ်ကားပါ။ အန်ကယ် ဂီတနယ်မြေမှာ အန်ကယ်ကို အားပေးကူညီသလို၊ အန်ကယ်တို့ နှစ် ယောက်ရဲ့ ရုပ်ရှင်နယ်မြေမှာလည်း ဧည့် သည်အဖြစ် ပါဝင်သရုပ်ဆောင် နေရတဲ့ အခြေအနေကို ပရိသတ်များအနေနဲ့ အားပေးပါလို့ ပြောချင်တယ်။ ပြီးတော့ လိုအပ်တဲ့ အကြံလေးတွေ ပေးပါလို့။ အန်ကယ် တို့ လိုက် နာပါ့မယ်လို့ ပြောချင်တယ်။ အန်ကယ်အခုထိ နားယူချင်ပေမယ့်လည်း အနားယူခွင့် မကြုံသေးဘူး။ အားလုံးသာယာဖို့ အတွက် ဒီတေးဂီတနဲ့ အနုပညာ သရုပ် ထမ်းဆောင်နေရတုန်းပဲ။ အင်မတန် ဘဝကုသိုလ်ကံ ထူးတယ် လို့ ယူဆမိတယ်”လို့ ဆိုပါတယ်။  ဂီတလုပ်ငန်းအပြင် သရုပ် ဆောင် အလုပ်တွေလည်း တွဲဖက်လုပ်ကိုင်လာပြီဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ရုပ်ရှင်ဇာတ်ကားတွေ ဆက်ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။

  ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071