Tuesday, March 25, 2025

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...

အရည်ပျော်နေသည့်ရေခဲမျောတုံးကြီးကထိုင်းကမ်းရိုးတန်းကိုခြိမ်းခြောက်နေ

ကမ္ဘာ့အပူချိန်များ မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲမျောတုံးကြီး အလျင်အမြန် အရည်ပျော်နေခြင်းသည် ပင်လယ်ရေမျက်နှာပြင် ကို မြင့်တက်စေကာ လာမည့် ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏...
HomeNewsLocal Newsဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် ကျင်းပနေစဉ်ကာလအတွင်း ဘုရားဖူးပြည်သူများအား ရောင်းချသည့် အစားအစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရေး၊ စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများ စနစ်တကျရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများ နားနေတည်းခိုနိုင်ရေးအတွက် တည်းခိုခန်းများ ပြည့်စုံရေး၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး ကိစ္စရပ်များကိုလည်း ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကဲ့သို့ အထင်ကရနေရာဒေသများသို့ ဘုရားဖူးလာပြည်သူများ သွားရောက်အပန်းဖြေနိုင်အတွက် ယာဉ်များစနစ်တကျပြေးဆွဲရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ရေ လမ်းခရီးဖြင့် ဘုရားဖူးလာရောက်မည့်ပြည်သူများအတွက်လည်း ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီနှင့် လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။ "တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။ အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။ မြန်မာ့လက်‌ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071