Wednesday, May 6, 2026

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်...

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး...

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင်...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ...

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...
HomeNewsLocal Newsဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် ကျင်းပနေစဉ်ကာလအတွင်း ဘုရားဖူးပြည်သူများအား ရောင်းချသည့် အစားအစာများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင်ရေး၊ စားသောက်ဆိုင်များနှင့် ဆိုင်ခန်းများ စနစ်တကျရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ဘုရားဖူးလာပြည်သူများ နားနေတည်းခိုနိုင်ရေးအတွက် တည်းခိုခန်းများ ပြည့်စုံရေး၊ သောက်ရေ၊ သုံးရေများ လုံလောက်စွာရရှိရေး ကိစ္စရပ်များကိုလည်း ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ ငွေတောင်ကမ်းခြေ၊ ကျောက်ကလပ်ကဲ့သို့ အထင်ကရနေရာဒေသများသို့ ဘုရားဖူးလာပြည်သူများ သွားရောက်အပန်းဖြေနိုင်အတွက် ယာဉ်များစနစ်တကျပြေးဆွဲရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ရေ လမ်းခရီးဖြင့် ဘုရားဖူးလာရောက်မည့်ပြည်သူများအတွက်လည်း ရေယာဉ်များပေါ်တွင် အသက်ကယ်အင်္ကျီနှင့် လိုအပ်သည့် လုံခြုံရေးကိစ္စရပ်များလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ် မြန်မာအသင်း ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာရှ ယူ-၁၇ ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ဆော်ဒီအသင်းကို (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ၂၀၂၆ အာရှ ယူ-၁၇ ဖလားပြိုင်ပွဲကို မေ လ (၅) ရက်မှ (၂၂) ရက်အထိ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ ယူ-၁၇ အမျိုးသားအသင်းသည် ယခုပြိုင်ပွဲ၏ အုပ်စု (A) တွင် အိမ်ရှင်ဆော်ဒီအာရေးဗီးယား၊ ထိုင်းနှင့် တာဂျကစ္စတန်အသင်းတို့နှင့်အတူ ကျရောက်နေသည်။ မြန်မာပရိသတ်များအနေဖြင့် အုပ်စုအဆင့်ပွဲစဉ်ရလဒ်များကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်မဟုတ်ကြောင်း အသိပေးထုတ်ပြန်ထားပြီး ပြိုင်ပွဲအတွက်...

မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံးများ စွမ်းအားပြည့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်

လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးမှု နှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မကြာမီ မိုးကျလာတော့မည် ဖြစ်ပြီး ကောင်းမွန်လျှက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ပြီး တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း ရေအားလျှပ်စစ်စက်ရုံများကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များ အမြန်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ နိုင်ငံ၏...

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဟုသိရ

ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ ၄ ရက်က ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်အညီ မောင်းနှင်ရန်လိုအပ်ပြီး သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တူညီဝတ်စုံများ သတ်မှတ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော် မည်ဖြစ်ကြောင်း၊ မီးပွိုင့်များကောင်းမွန်ရေးအတွက် စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်ရန်လိုကြောင်းလည်း ၄င်းကမှာကြားခဲ့သည်။     ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071